If only you were in my place.......❄️(11)

10.9K 219 7
                                        

Unicode.......

If only you were in my place..........

Ep 11

'lucas ဒီအထိဘာလာလုပ်တာလဲ'

အဆောင်အရှေ့မှာ Lucasရောက်နေတယ်သတင်းကြားတာကြောင့် Silasရဲ့အလုပ်ပြီးတာနဲ့
ထွက်တွေ့ခဲ့သည်
Lucasက ဓားသူရဲကောင်းပေမဲ့ ဖော်ရွေပြီး
စိတ်ရင်းကောင်းတာကြောင့် Bellaနဲ့ သူငယ်ချင်း
ဖြစ်သွားခဲ့ကြသည်
Bellaလို ဒီကမ္ဘာမှာသူငယ်ချင်းရှားနေတဲ့သူအဖို့
Lucasနဲ့ သူငယ်ချင်းဖြစ်တာလဲ သူမအတွက်အမြတ်ပင်

'နွေဦးရောက်ပြီလေ အဲ့တာ......
နွေဦးရောက်ရင် ပထမဆုံးစားသင့်တဲ့အရာလာပေးတာ'

သူ့လက်ထဲကအရာကိုထိုးပေးတော့ Bellaလဲ
ခေါင်းလေးငုံကာ ကြည့်လိုက်သည်
Lucasလာပေးတဲ့အရာက ဒီဘက်ကမ္ဘာအနေနဲ့
ပြောရရင် ရေခဲခြစ်ဖြစ်တာကြောင့်
ဝမ်းသာအံ့ဩကာ ထရယ်လို့နေသည်

'ဒီမှာဒီလိုတွေရှိတယ်ပေါ့'

'အင်း အဲ့ရောင်းတဲ့သူတွေက ဆောင်းရာသီမှာ
ရေတွေကိုခဲထားကြပြီး အခုလိုပူပြင်းတဲ့နွေရာသီကျရင်
ပြန်ရောင်းကြတာ ဒါနဲ့စားဖူးလို့လား'

'ဟင့်အင်း မစားဖူးပါဘူး'

ခေါင်းခါငြင်းလိုက်ကာ လက်ထဲကခွက်ကိုယူလိုက်တော့သည်

'ချိုတယ်မလား'

'အင်း ထင်ထားတာထက်ချိုတယ်'

'ငါအချို ပိုထည့်ခိုင်းထားတာ'

'နင် ငါ့ကိုဒါလေးပေးဖို့အတွက်နဲ့ ဒီလာခဲ့တာလား'

'ဒါပေါ့ဟ နင့်ကိုလဲတွေ့ချင်လို့ပါတာပေါ့'

'နင်လာပေးတော့ ငါစားရတာပေါ့'

'နင်ကြိုက်ရင် နောက်နေ့တွေလဲယူလာပေးမယ်'

'ရပါတယ် အားနာစရာကြီး'

'မလိုပါဘူး သူငယ်ချင်းတွေပဲဟာ
ဒါက သိပ်အပန်းကြီးတာလဲမဟုတ်'

'ကျေးဇူးတင်ပါတယ်'

'ဒါနဲ့ နင်အားလား'

'အင်း အားတယ်'

'သခင်ကြီးရဲ့အလုပ်တွေမရှိဘူးလား'

'အင်း မရှိဘူး သခင်ကြီးကသူ့အလုပ်နဲ့သူရှုပ်နေတာ'

If Only You were In My Place...... ❄ (Complete 🔞)Where stories live. Discover now