Chapter 106

25K 3.7K 495
                                    

Unicode

ယွမ်မင်ရွှိရဲ့မလိုတမာစိတ်ကြောင့် ယန်းချင်းချီနဲ့ချီချီ့မှာ အန္တရာယ်ရှိနေပြီ
__________________________________

ယန်းချင်းချီ အခုတလော ဘုရင်တစ်ပါးလိုဆက်ဆံခံနေရသည်ဟု ခံစားနေရသည်။ ဘာရယ်မဟုတ် ပန်းသီးစားချင်လိုက်တာဟု ပြောမိရုံရှိသေး ကျန်းမော့ချန်တစ်ယောက် အလုပ်စားပွဲမှချက်ချင်းထကာ အောက်ထပ်ကိုပြေးဆင်းသွားပြီး ခဏအကြာ အခွံနွှာပြီးသား ပန်းသီးစိတ်ပန်းကန်လေးကိုင်ရင်း အပေါ်ထပ်ပြန်တက်လာသည်။ 

ယန်းချင်းချီ တစ်ဖက်လူ၏ သိတတ်မှုကြီးကို လက်မ မထောင်ပြပဲမနေနိုင်ခဲ့။

''ခင်ဗျားက တော်တော်လေး အလိုက်သိတတ်တာပဲ ''

ကျန်းမော့ချန် ယန်းချင်းချီရှေ့ကစားပွဲပေါ် ပန်းကန်လေးချပေးရင်း

''မင်းအရင်စားနှင့်လိုက် မစားချင်တာတွေ ကိုယ့်အတွက်ချန်ထား ''

ယန်းချင်းချီ သွားကြားထိုးတံလေးဖြင့် ပန်းသီးတစ်စိတ်ကောက်ထိုးလိုက်ကာ ပါးစပ်ထဲထည့်ပစ်လိုက်သည်။

ကျန်းမော့ချန် ယန်းချင်းချီအား အပြုံးလေးဖြင့်ငေးကြည့်နေရင်း ခဏလောက်ကြာမှ အလုပ်စားပွဲဆီပြန်သွားကာ အလုပ်ဆက်လုပ်ဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ဖုန်းမြည်သံကြားလိုက်ရတာကြောင့် ထုတ်ကြည့်လိုက်သည့်အခါ နံပါတ်စိမ်းတစ်ခုကနေ စာတစ်စောင်ဝင်လာသည်။

[ ငါတစ်ခုခုဖြစ်တော့မယ်နဲ့တူတယ် ငါ့ကိုကူညီပါ ယွမ် ]

ပို့သူက ယွမ်မင်ရွှိဖြစ်နေတာကြောင့် ကျန်းမော့ချန်နည်းနည်းလေးအံ့သြသွားသည်။

သူ မီးဖိုချောင်ထဲမှာ ချလိုက်သည့် ဖုန်းCallကို ပြန်သတိရမိသွားသည့်အခါ နည်းနည်းလောက်တော့ ဇဝေဇဝါဖြစ်သွားသည်။ ယွမ်မင်ရွှိ ဘာဖြစ်လို့လဲ။

ယန်းချင်းချီကလည်း ဖုန်းကိုကြည့်ပြီး အတွေးများနေသည့် ကျန်းမော့ချန်ကိုမြင်တော့

'' ဘာဖြစ်လို့လဲ ''

ကျန်းမော့ချန် ယန်းချင်းချီဆီလျှောက်သွားလိုက်ကာ ဖုန်းကိုလှမ်းပေးလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now