42

13.8K 991 88
                                    

ချစ်စ်ခုကို တိုင်ည်လို့တာင်းဆုပြုယ် ။ ဖြစ်ရော ဘ၀တိုင်း သူ ချစ်တဲ့သူ ဖြစ်ပါလေို့ပေါ့..  ။

အချစ် စာအုပ်လေး တစ်အုပ်ထဲက စာကြောင်းလေးတစ်ခု ကို တိုးညှင်းညှင်းလေး ရေရွတ်လိုက်မိတယ် ။

ဒီ ဆုတောင်းက မှန်ကန်မှုရှိရဲ့လား လို့ ။ တကယ်တမ်းကျတော့ ဆုတောင်းမှားခဲ့ခြင်းဆိုတာ ဒီလိုအရာတွေကများ ဆင်းသက်လာလေသလား ။

သူ ကိုယ်တိုင်ကရော? 

နှလုံးသားထဲမှာ သံမှိုရိုက်ထားသလို စွဲမြဲနေတဲ့ အမည်နာမလေး တစ်ခုက ' ခက်ထန် ' တဲ့.. ။

နေ့ရက်တိုင်းက ခက်ထန် ဆီက အချစ်စကားမကြားရရုံလေးကလွဲရင် ကျန်တာ အားလုံး အဆင်ပြေတယ် ။ မနက်ခင်းတိုင်း သူ့ကလေးလေးရဲ့ ရင်ခွင်ကျယ်လေးနဲ့ စတင်ရသလို.. အသက်ရှုသံမျှင်းမျှင်းလေးနဲ့ နှုတ်ဆက်ရတယ် ။ ခက်ထန် ကိုယ်တိုင် ပြင်ဆင်ပေးတဲ့ မနက်စာ က မဲတူးလာတဲ့ ပေါင်မုန့်တချပ် ဖြစ်နေရင်တောင် နတ်သုန္ဒာနဲ့ လဲရက်စရာ မရှိဘူး ။ ဖောင်းအစ်နေတဲ့ ခြေချောင်းလေးတွေဟာ ခက်ထန် ရင်ခွင်တွင်း ထွေးပိုက်ထားလို့..

သူ့ကလေးလေးဟာ အခုဆို အပြုံးနုနုလေးနဲ့ ပြုံးပြနှုတ်ဆက်တတ်နေခဲ့ပြီ ။

" ကိုကို မေးချင်တာ တစ်ခု ရှိတယ် ၊ ဖြေပေးမလား? "

အပြုံးနုနုလေးနဲ့ ကွေးညွတ်သွားတဲ့ နှုတ်ခမ်းလေးက
ဒီကလူအတွက် အသက်ရှုမှားလောက်စရာ!

" ကြိုက်တာ မေးလို့ရတယ် "

" မင်း ဒီကို စရောက်လာတုန်းကလေ ! အစပိုင်းတုန်းက ကိုကို့ကို စကားနည်းနည်း ပြောသေးတယ်လေ ၊ နေမကောင်းလို့ ဆေးရုံတက်လိုက်ပြီး နောက်ပိုင်းက စပြီး စကားသိပ်မပြောတော့တာ ဘာဖြစ်လို့လဲ မှတ်မိသေးလား?  အဲ့မေးခွန်းကို အမြဲ မေးချင်နေခဲ့ပေမဲ့ မင်း စိတ်ထိခိုက်စရာ အကြောင်းတွေကို ပြန်တွေးမိမှာစိုးလို့ မမေးဖြစ်ခဲ့တာ.. အခုတော့ မင်း အမေလည်း အသက်ရှင်နေတုန်းပဲဆိုတော့ မေးလို့ အဆင်ပြေလောက်ပြီထင်လို့.. အရမ်းများ နောက်ကျနေမလား မသိပေမဲ့ ကိုကို့အတွက်တော့ မင်းနဲ့ ပတ်သက်ရင် အရာရာတိုင်းက လတ်ဆတ်နေဆဲပါ "

You are my husband (Season 1)Completed  Where stories live. Discover now