Cha-46.1

6.4K 1.3K 23
                                    

[Unicode]

ဓာတ်ပြောင်းလဲစေသောခလုတ်တခုကို မောင်းဖြုတ်လိုက်သည့်အလား ရုံတင်ပြသသည့်ပထမဆုံးနေ့မှစ၍ Orange ၏ Box Office တဖြည်းဖြည်းမြင့်တက်လာခဲ့သည်မှာ အလားတူအချိန်အတွင်းမှာထွက်ရှိသည့်ဇာတ်ကားအများစုကို လျင်မြန်စွာ အပြတ်အသတ်သိမ်းကြုံးကျော်တက်သွားခဲ့သည်။

ရုပ်ရှင်မှလက်ခံရရှိသောနှုတ်ထွက်စကားကောင်းများနှင့် ဆွေးနွေးဖလှယ်မှုမြောက်များစွာသည် အပြန်အလှန်အားဖြည့်ကူညီပေးနေခဲ့သည်။ ထိုအရာမှာတဖြည်းဖြည်းချင်းစီနှင့် ဆထက်တိုးပွားလာသောရုပ်ရှင်ဝါသနာအိုးများအား ရုပ်ရှင်ရုံထဲသို့ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပြီး ရုံတင်ပြသသည့်အရေအတွက်ကိုလည်းအဆက်မပြတ်တိုးပွားလာစေ၏။

နောက်ပိုင်းကာလတွေမှာဘာတွေပဲဖြစ်ပါစေ ကျောက်ရွေမှာ ရုံတင်ပြသသည့်ပထမသုံးရက်နှင့်တင် ဝင်ငွေအများအပြားရှာနိုင်ပြီဖြစ်သည်။

ထိုမျှသာမက နာမည်ကြီးရုပ်ရှင်သုံးသပ်အကဲဖြတ်ကွန်ယက်တစ်ခုကလည်း Orange ကို ရမှတ် 9.3 အထိ မြင့်မြင့်မားမားပေးအပ်ခဲ့ပြီး ထိုအရာမှာနှစ်ပေါင်းများစွာကာလအတွင်းမှာ ပြည်တွင်းရုပ်ရှင်ဇာတ်လမ်းများအပေါ် တခါမှမပေးအပ်ဖူးခဲ့သည့်အပြုအမူလုပ်ဆောင်မှုတရပ်ဖြစ်ပေ၏။တကယ်တမ်းတော့ ဇာတ်ကားကောင်းတစ်ခုဆိုတာ Box Office သက်သက်ထက်ပိုသောဝင်ငွေတွေကိုခေါ်ဆောင်လာနိုင်ပေသည်။

ရုပ်ရှင်ဇာတ်လမ်းထဲတွင်နစ်မြှုပ်ပြီး ရုန်းမထွက်နိုင်ပဲဖြစ်နေကြသည့် ပရိသတ်အပေါင်းတို့သည် Orange နှင့်ပတ်သက်သည့် သတင်းအတိုအထွာများကို သရုပ်ဆောင်ကနေ ဒါရိုက်တာအထိ ရရာနေရာတိုင်းကလိုက်လံရှာဖွေစုဆောင်းယူတော့သည်။

ရုပ်ရှင်ဖန်တီးရာတွင် ခါးသီးကြမ်းတမ်းခဲ့သောအတွေ့အကြုံ၊အခက်အခဲများမှာ ယခုအချိန်တွင်တော့ ချိုမြိန်သောအသီးအပွင့်များအဖြစ်သို့ကူးပြောင်းသွားခဲ့လေပြီ။

ရုပ်ရှင်အဖွဲ့သားတွေရဲ့ဘဏ္ဍာရေးအခြေအနေကို အသေးစိတ်သိနေကြတဲ့ အွန်လိုင်းပရိသတ်များဟာ သူတို့အကူအညီပေးအပ်ရန်လိုအပ်လာပြီလို့ ချက်ချင်းပဲခံစားသိရှိလိုက်ရ၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now