Chapter 107

23.6K 3.7K 118
                                    

Unicode

ကျိုးရီရှင်းက အလှလေးကိုဝင်ကယ်တဲ့ သူရဲကောင်းဖြစ်ချင်နေပြန်ပြီ
_________________________________

ယန်းချင်းချီ နောက်ကခြေသံတွေကို တချိန်လုံးအာရုံစိုက်ထားသလို သူတို့ခြေလှမ်းတွေကလည်း နှေးလည်းမနှေး၊မြန်လည်းမြန်မနေပါ။ ဘာမှမဖြစ်သလိုမျိုး၊ သတိမထားမိသလိုမျိုး ပုံမှန်အတိုင်းသာဆက်လျှောက်နေသည်။ ချီချီက အိတ်သေးသေးလေးဆွဲရင်း သူတို့ကားကိုမြင်တော့ ယန်းချင်းချီကိုလှည့်ကြည့်ကာ လက်ညှိုးထိုးပြလာသည်။

''သားတို့ ကားကား''

ယန်းချင်းချီကလည်း ကလေးခေါင်း သူ့ဘက်လှည့်လာတာနဲ့ အပြုံးလေးဖြင့်

''ဟုတ်တယ် အဲ့ဒါပါးပါးတို့ကား ချီချီကဉာဏ်ကောင်းလိုက်တာ တစ်ခါကြည့်ရုံနဲ့မှတ်မိတယ် ''

''ဒါဆို သားတို့ မြန်မြန်သွားကြရအောင်လေ '' ချီချီကထိုသို့ပြောရင်း ယန်းချင်းချီလက်ကိုလှမ်းဆွဲကာ ခြေထောက်တိုလေးများဖြင့် ရှေ့ကပြေးသည်။

သူတို့လှုပ်ရှားတာကိုမြင်သည်နှင့် နောက်ကလူတွေကလည်း လှုပ်ရှားလာကြသည်။

ယန်းချင်းချီ လက်ထဲကအိတ်တွေကို ချက်ချင်းလွှတ်ပစ်ပြီး ချီချီ့ကိုကောက်ချီကာ နွေးထွေးသည့်လေသံလေးဖြင့် ချော့လိုက်သည်။

''ချီချီ ပါးပါးနဲ့ဂိမ်းဆော့ရအောင် သားကမျက်လုံးမှိတ်ထားပြီး ၁ကနေ ၁၀၀အထိရေတွက်နေ ၁၀၀ပြည့်သွားတာပဲဖြစ်ဖြစ် ဂဏန်းဆက်မရေတတ်တော့တာပဲဖြစ်ဖြစ် အစကနေပြန်ရေတွက်ရမယ် ပါးပါးက ဖွင့်လို့ရပြီလို့မပြောမချင်း သားကဖွင့်ကြည့်လို့မရဘူး ဘယ်လိုလဲ ဆော့ချင်လား ''

ချီချီက မျက်လုံးလေးများကို ချက်ချင်းမှိတ်လိုက်ကာ ထိုပေါ်သို့လက်သေးသေးလေးအုပ်တင်ရင်း ချိုမြိန်သည့်ကလေးသံလေးဖြင့် ပြောလာသည်။

''ဆော့ချင်တယ် ''

ယန်းချင်းချီကလည်း ချီးကျူးလိုက်သည်။

''အရမ်းလိမ္မာတာပဲ ''

ယန်းချင်းချီစကားတွေက ချီချီ့ကိုဦးတည်ပြီးပြောနေသော်ငြား သူ့မျက်လုံးတွေကတော့ သူ့ရှေ့ကလူတွေကိုစိုက်ကြည့်နေလိုက်သည်။ ၈ယောက်၊ ထင်ထားတဲ့အတိုင်းပဲ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now