11.3(U)

2K 317 8
                                    


ချန်လီကောက ရှန်းယိုလင်တို့နဲ့ ၃ရက်တာမျှ
အတူနေပေးခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။

ချန်လီကော၏ ခံစားချက်က သိပ်မပျော်ရွှင်တာကို ရီဟွိုင်က အတပ်သိသည့်အတွက်
ချန်လီကောအား ပြောင်းရွှေ့ပြီး ရှန်းယိုလင်နဲ့
အတူနေချင်မနေချင် မေးလိုက်သည်။

သို့သော်လည်း ချန်လီကောက ခေါင်းကိုခါရမ်းလျက် ပေါ့ပေါ့ပါးပါးပဲ ပြောလာသည်။

"မနေတော့ပါဘူး....ငါကအရမ်းအိုနေပြီလေ"

"သခင်က ဘယ်လိုလုပ် အိုမှာလဲ????အရမ်းနုပျိုနေတဲ့ဟာကို"

"ငါ့နှလုံးသားက အိုနေပြီ"

ရီဟွိုင်က ဒီစကားကို ကြားတော့ စိတ်မကောင်းဖြစ်ကာ ချန်လီကောကို မလွတ်တမ်း
တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

ရှန်းယိုလင်က အိမ်ထောင်ကျကံတော့ ကောင်းခဲ့သည်။ သူလက်ထပ်ပြီး နိုင်ငံခြားကို
ပြောင်းပြောင်းခြင်းပင် ယောက်ျားလေးနှင့်
မိန်းကလေးအမွှာတစ်စုံကို မွေးဖွားခဲ့သည်။
သူမက ဘယ်လ်ိုပဲ ဘဝရဲ့အောင်မြင်တဲ့
အနေအထားကိုရောက်ရောက် သူမရဲ့
ပြီးမြောက်ခြင်းပြဘားတန်းသည် ၁၀၀ရါခိုင်နှုန်းကို မရောက်သေးတာတော့ အတော်ပင်
ထူးဆန်းလှသည်။

ချန်လီကောက ဒီကမ္ဘာမှာ အကြာကြီး နေရဦးမည်ဟု ထင်ထားသော်လည်းပဲ အဆုံးမှာတော့
ရှန်းယိုလင်ဆီက ဖုန်းဆက်လာခဲ့သည်။

အကြောင်းကတော့ သူမ၏ ကလေးနှစ်ယောက်
မွေးနေ့က ရောက်လာတော့မည်ဖြစ်သောကြောင့်
သူမအဖေကိုဖိတ်ခြင်းပင်။

"ကောင်းပါပြီ"
ချန်လီကောက ပြောလိုက်သည်။

ရှန်းယိုလင်က ခဏတာမျှ ရပ်သွားပြီး
မေးလာသည်။
"အဖေ ပျော်ရဲ့လားဟင်????"

ချန်လီကောက ရယ်လျက် ဖြေလာသည်။
"ပျော်တာပေါ့"

ရှန်းယိုလင်က ရှုိက်သံထွက်လာလျက်
ပြောလာသည်။
"သမီး စိတ်မချဆုံးလူက အဖေပဲ"

"အာ..."

"အဖေပျော်တယ်ကြားရတော့ သမီးစိတ်ချရပါပြီ။"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now