Chapter - 44.1 (U+Z)

10.9K 2.1K 47
                                    

//UNICODE//

အခန်း 44.1 - အက

စုလင်း ရေချိုးခန်းထဲမှ ထွက်လာပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ ကုလီဟန်ကို ချက်ချင်း မြင်လိုက်ရသည်။

နတ်ဘုရားရဲ့ အမူအရာက ဘာလို့ ​အရမ်း မှောင်မည်း​နေရတာတုန်း?

သူ လင်းမန်ရဲ့ လက်​မောင်းကို ပုတ်ကာ ကုလီဟန်ရှိရာကို ညွှန်ပြလိုက်ပြီး ထို​နေရာကို သွားမလို့ဟု လက်ဟန်​ခြေဟန် လုပ်ပြလိုက်သည်။

လင်းမန်လည်း 'အပိုလျှပ်စစ်မီးသီး' ​လေးမဖြစ်ချင်တာ​ကြောင့်

"ငါ အားရွိကို သွား​တွေ့လိုက်ဦးမယ်။ တစ်ခုခုဖြစ်ရင် ငါ့ကို ဆက်သွယ်လိုက်"

စုလင်း ခေါင်းညိတ်လိုက်ပြီး ကုလီဟန် ဆီသို့ တန်းတန်း လျှောက်သွားသည်။ ကုလီဟန်ရဲ့ အကြည့်က သူ့အပေါ်သို့ ကျရောက်လာပုံမှာ အလွန် အာရုံစူးစိုက်မှုရှိပြီး အနည်းငယ် ချစ်ကျွမ်းဝင်​နေပုံလည်း​ ပေါ်သည်။ စုလင်း ကုလီဟန်ရဲ့ နံဘေးကို လျှောက်သွားပြီး

"ခင်ဗျား....."

စကားတစ်လုံးသာ ပြောလိုက်သော်လည်း အဲ့ဒါက သူ့မျက်ခုံးများ တွန့်ချိုးသွား​စေသည်။ သူ့အသံက ဗလုံးဗ​ထွေးဖြစ်​နေပြီး လျှာကလည်း နာ​နေရုံသာမက ဒဏ်ရာက​နေလည်း ​သွေးများ ဆက်ထွက်​နေသည်။ သွေးတွေ အများကြီး ထွက်လာတာ မဟုတ်ပေမယ့်လည်း သွေးနံ့က သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ အခြားကိစ္စ​တွေ ခဏထားပြီး သူ့ဒဏ်ရာကို အရင်ကုတာပဲ ​ကောင်းလိမ့်မည်။ စုလင်း ​ပြောချင်တာကို ခဏ​ဘေးချိတ်ထားလိုက်ပြီး လျှာကိုမထိ​စေဖို့ကြိုးစားပြီး ​ပြောလိုက်သည်။

"ကျွန်​တော့်ကို နား​နေခန်း​ခေါ်သွား​ပေးလို့ရမလား? ဒဏ်ရာကို ​ဆေးလိမ်းချင်လို့"

စုလင်း ပုလဲသွယ်ပင်ပျိုရဲ့ ဝတ်ရည်ကို နေ့တိုင်း စုဆောင်းရပြီး သူ့နေရာလွတ်တွင် ထည့်ထား​လေ့ရှိသည်။ သူ ဝတ်ရည်ရဲ့ အာနိသင်ကို သတိရလိုက်ပြီး ဒဏ်ရာပေါ်မှာ သုံးချင်တာ ဖြစ်သည်။ ရိုးရိုးသားသားပြောရရင် စောစောက သန့်စင်ခန်းထဲမှာ လုပ်လို့ရပေမယ့် သူ လျှာမှာရှိနေတဲ့ ဒဏ်ရာကို သန့်စင်ခန်းထဲမှာ တကယ်ကြီး မစစ်ဆေးချင်ပါ။ သန့်စင်ခန်းရဲ့ပတ်ဝန်းကျင်သည် အလွန်ကောင်းမွန်​နေသော်လည်း အိမ်သာဖြစ်​​နေသေးတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သူတကယ်လုပ်လိုက်ရင် ပျို့တက်လာ​လောက်သည်ဟု ခံစားရသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now