109

6.9K 1.4K 115
                                    

Unicode

“ကိုယ်သိချင်တာက ‘ကံကြမ္မာကူးပြောင်းခြင်း’ကို အသက်သွင်းတဲ့အချိန် မင်းကိုယ့်အတွက် စိတ်ပူပန်နေလားဆိုတာ..”

ထိုအခိုက်အတန့် ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက ပိုမိုနက်ရှိုင်းလာခဲ့တော့တယ်။ သူ့ရဲ့နှုတ်ခမ်းက မသိမသာ ကော့တက်လာခဲ့တယ်။ နောက်ဆုံးတော့ သူ့နှလုံးသားရဲ့ အောက်ခြေတစ်နေရာမှာ သိမ်းဆည်းထားခဲ့ရတဲ့ တကယ့်စိတ်ရင်းကို ထုတ်ပြောပြနိုင်ခဲ့ပြီ။

“အဲ့တော့ ရလဒ်နဲ့ပက်သက်ပြီး ကျေနပ်လား..?”

အတွေးအခေါ် ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ ရင်းဆုယဲ့ကြောင့် ရွှယ်ယို့ရှန်းမှာ အလိုက်သင့်နေရုံသာ တတ်နိုင်တော့တယ်။

ရင်းဆုယဲ့က သူ့ကိုမယုံကြည်ဘူး။ ပြီးတော့ စမ်းသပ်ချင်နေတယ်။ ဒါကို သူလက်ခံနိုင်တယ်။ ဒါပေမဲ့ ရင်းဆုယဲ့က သူ့ကိုယ်သူတောင် မငဲ့ညှာပဲ ရက်ရက်စက်စက်နည်းလမ်းမျိုးကို ဘာလို့ရွေးချယ်ခဲ့ရတာလဲ..? အဲ့တာကို လုံးဝနားမလည်နိုင်ဘူး။ သူ့ကိုယ်သူ ဘာလို့ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ..?

တစ်ချိန်တည်းမှာပင် ရွှယ်ယို့ရှန်းက ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လိုက်တယ်။ ဒီလိုတွေဖြစ်လာရတာ ရင်းဆုယဲ့အပေါ် သူ့ရဲ့စိတ်ပူပန်မှုတွေက အရမ်းသိမ်မွေ့လွန်းလို့ ရင်းဆုယဲ့ မခံစားမိတာကြောင့်လား..? ဒါမှမဟုတ် ဗီလိန်အတွက် ဇာတ်ကောင်စရိုက်ကို ပြင်ဆင်တဲ့အချိန် ချစ်ခြင်းမေတ္တာအကြောင်း ထည့်မရေးမိတော့ စိတ်ခံစားချက်ကို လက်ခံနိုင်တဲ့ဗီဇမျိုး မေ့ကျန်နေခဲ့တာများလား..?

“မကျေနပ်ဘူး..!”

ရင်းဆုယဲ့သည် မသိစိတ်အရ လက်သီးဆုပ်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းများမှာ ဖြည်းဖြည်းချင်း သွေးနီရောင်လွှမ်းလာခဲ့လေတယ်။

မလုံလောက်ဘူး.. မလုံလောက်သေးဘူး..!

အစကတော့ သူလိုအပ်တာ ယုံကြည်လို့ရနိုင်မယ့် လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ ရွှယ်ယို့ရှန်း ပေါ်လာခဲ့တယ်။ သူ့အရင်ဘဝက နောင်တ,တရားတွေအတွက် လျော်ကြေးလို့ ထင်ထားခဲ့ပေမယ့် သူမှားသွားခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now