အခန်း (၅)

74.7K 8.7K 813
                                    


သောကြာနေ့တိုင်းအဲ့လူက အိမ်ပြန်မလာတက်ဘူး။ညဆိုင်းပါဆင်းရတယ်လို့အန်တီမြင့်ကပြောတယ်။

ညကသိပ်ကိုတိတ်ဆိတ်နေခဲ့တာ၊ ဂစ်တာတစ်ဒင်ဒင်လည်းမကြားရသလို၊ထမင်းစားဖို့လာခေါ်တဲ့လူလည်းမရှိ။

နေသက်နွေးရဲ့လှုပ်ရှားမှုတိုင်းကသံပတ်ပေးထားတဲ့စက်ရုပ်လိုမျိုး၊အဲ့အချိန်အတိုင်းပဲအတိကျလုပ်ဆောင်တက်တယ်။

" ထမင်းစားမယ် " လို့လာခေါ်မဲ့လူမရှိတဲ့အခါ အခန်းထဲကုတ်ကုတ်လေး၊လိုက်ကာစကိုငေးမောနေရင်းပေါ့။

အမေ့ကိုလွမ်းတယ် ။

ခေါင်း​လေးတစောင်းစောင်းနဲ့နေသက်နွေးက ခေါင်းထဲရှိတဲ့လူတွေရဲ့အကြောင်းကိုသာထပ်ကာတလဲလဲဆက်တိုက်တွေးနေတယ်။

ကောင်းကင်ပြာကနေမည်းမှောင်သွားတယ်၊ကမ္ဘာမြေမှာအလင်းရောင်လေးကဖျော့ဖျော့ပဲကျန်တော့တယ်။ ခဏအကြာမှာတော့အဲ့သည့်အလင်းရောင်လေးဟာလည်း မှိန်ဖျော့ရင်းအမှောင်ထုရဲ့ဝါးမြိုခြင်းကိုခံယူလိုက်ရတယ်။

> > > > >

ပိန်ပါးပါးကိုယ်သေးသေးလေးကနေအပူဒဏ်မခံနိုင်တော့ဖျားတော့တာပဲ။နေသက်နွေးအမေ့ဆီဆက်သွယ်ခဲ့ပေမဲ့သက်စွေစာမေးပွဲရက်မ်ို့ဆိုပြီးအမေကလာဖို့ကိုငြင်းပါတယ်။

အန်တီမြင့်က ထမင်းပုံမှန်အတိုင်းချက်ထားပေးခဲ့ပြီး၊နာရေးတစ်ခုဆီသွားတယ်။ ငြိမ်သက်နေတဲ့အိမ်ထဲနေသက်နွေးအင်အားမရှိစွာ လှဲလျောင်းနေတယ်။

ဆိုင်ကယ်စက်သံငြိမ်ငြိမ်လေးကြားတဲ့အခါ၊ ခေါင်းလေးကဆက်ခနဲ။ အဲ့လူရဲ့သီချင်းသံတအေးအေးကပဲနွေးထွေးသွားစေတာမျိုး။

အမေ့ကိုလိုအပ်သမျိုး၊ သက်နွေးအဲ့လူကိုလည်းလိုချင်တယ်။

" အလုပ်မသွားဘူးလား "

သီချင်းသံရပ်သွားပြီး၊အဝတ်တောင်မလဲရသေးပဲနေသက်နွေးအခန်းထဲဝင်လာရင်းပဲမေးတယ်။

နေသက်နွေးနှာခေါင်းထိပ်လေးတွေကျဥ်တက်လာပြီး၊ငိုချင်လာတယ်။ ခေါင်းလေးစောင်းရင်းဘာမှမပြောတော့ကျယ်ပြန့်တဲ့လက်ဖဝါးတွေကနဖူးဆီကိုခပ်ဖွဖွလေးလာအုပ်တယ်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now