Chapter 108

24.6K 3.6K 202
                                    

Unicode

ကလေးလေး အဆင်ပြေတယ်တဲ့၊ ကျိုးချန်က သူ့အမှားသူ ဝန်ခံပြီးတောင်းပန်နေပြီ
_________________________________

ချီချီက လိမ်လိမ်မာမာလေး ခေါင်းငြိမ့်လိုက်ကာ အာလူးကြော်အိတ်ထဲလက်နှိုက်ပြီး တစ်ခု၊နှစ်ခုဆွဲထုတ်ရင်း ယန်းချင်းချီပါးစပ်နားတေ့ပေးလာသည်။

''ပါးပါး စား ''

''အင်း ''

ယန်းချင်းချီ ကလေးခွံ့ကျွေးနေတာကို မငြင်းပဲပါးစပ်ဟပြီးစားလိုက်သည်။ ထို့နောက် ကားမောင်းသူနေရာဝင်ထိုင်ပြီး ခါးပတ်ပတ်ကာ ဆေးရုံကိုမောင်းသွားလိုက်တော့သည်။

ကျန်းရှောင်းတစ်ယောက် ယန်းချင်းချီဆီကနေ ဆေးရုံကိုစစ်ဆေးဖို့လာမည်ဆိုသည့် သတင်းရလိုက်တော့ စီစဥ်စရာရှိတာတွေအကုန်လုံးစီစဥ်လိုက်ကာ သူ့ရဲ့လူနာတွေ့ချိန်တချို့ကိုဖျက်ရင်း ဒီအရေးကြီးဧည့်သည်ကို ရုံးခန်းထဲမှာထိုင်စောင့်နေလိုက်သည်။

သူ သိချင်စိတ်ဖြစ်မိတာလေးတစ်ခုက ယန်းချင်းချီ ဘာလို့ ရုတ်တရက်ကြီး ကလေးအခြေအနေစစ်ဆေးဖို့လာရတာလဲ။ ဒီနေ့က ရက်ချိန်းလည်းမဟုတ်။ သို့သော် ယန်းချင်းချီက အထူးဧည့်သည်တော်ဖြစ်တာကြောင့် အခုလိုအချိန်အခါမဟုတ်လာစစ်ဆေးတာကိုမပြောနှင့် ညနှစ်နာရီကြီးထလာမည်ဆိုလျှင်တောင် ကျန်းရှောင်းတစ်ယောက် အိပ်ယာထဲမှကုန်းရုန်းထကာ OG တွေကိုဆက်သွယ်ပြီး အဆင်သင့်ပြင်ဆင်ထားပေးရမှာက သူ့တာဝန်ဖြစ်သည်။

ယန်းချင်းချီ ဆေးရုံကားပါကင်မှာ ကားရပ်လိုက်ကာ ချီချီနဲ့အတူ ဆေးရုံထဲဝင်လာလိုက်သည်။

ချီချီက ငယ်သေးသော်ငြား ဆေးရုံကဘာမှန်းသိနေတာကြောင့် ဆရာဝန်တွေ၊ သူနာပြုတွေကိုမြင်သည့်အခါ နည်းနည်းလေးကြောက်သွားလေသည်။ သူ ယန်းချင်းချီလက်ကိုလှုပ်ခါရင်းမေးလာသည်။

''ပါးပါး ပါးပါးနေမကောင်းလို့လား ''

''မဟုတ်ပါဘူး ''

''ဒါဆို ချီချီနေမကောင်းလို့လား ''

ယန်းချင်းချီ ကလေးအတွေးလေးကြောင့်ရယ်ချင်သွားသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now