Ch-17(Uni/Zg)

42.5K 3.1K 580
                                    

အချိန်အားဖြင့် ညနက်နေသော်လဲ အတွေးအာရုံလွင့်မျောနေတဲ့လူနှစ်ယောက်အဖို့ တရွေ့ရွေ့ကုန်ဆုံးလာတဲ့ နာရီလက်တံလေးကိုသာ အပြစ်ပုံချရမလိုပင် .....

" ခင်ဗျားမအိပ်သေးဘူးလားဟင် "

" အမှန်အတိုင်းပြောရရင် ကိုအိပ်မပျော်ဘူး "

" ဟင် ဘာလို့လဲ "

" ကိုညဘက်အိပ်မပျော်တာ 1လကျော်လောက်ရှိပီ မနက်မိုးလင်းခါနီးမှအိပ်ပျော်တာ "

အသေအချာကြည့်ရင် ဟန်နရီမျက်နှာလေးချောင်ကျသွားတာအမှန်ပင်...သူ့ကိုပဲအိပ်ပျော်အောင်အမြဲနှိပ်ပေးပီး တညလုံးအိပ်မပျော်ဖြစ်နေတဲ့ဟန်နရီကြောင့် လွန်းစိတ်မကောင်းဖြစ်သွားသည်

" ကျတော့်ကိုတော့အမြဲအိပ်ပျော်အောင်လုပ်ပေးပီး ခင်ဗျားကတော့တညလုံးဒီတိုင်းကြီးအမြဲနေနေခဲ့တာပေါ့လေ ကျတော်ကတော်တော်မကောင်းတာပဲ "

" အာ အချစ်ကြောင့်မဟုတ်ပါဘူး ကိုကသာမကောင်းတဲ့ကောင်ပါ အချစ်ကိုစိတ်ပူအောင်လုပ်မိပြန်ပီ "

" 1လကျော်လောက်အိပ်မပျော်ဖြစ်နေတာတောင် ဘာလို့ကျတော့်ကိုတခွန်းမှမပြောရတာလဲ ဒီပုံစံအတိုင်းဆိုကြာရင်မကောင်းဘူး မနက်ဖန်ဆေးခန်းသွားကြရအောင်နော် "

စိတ်ပူနေတဲ့ကလေးငယ်ကြောင့် ဟန်နရီခေါင်းငုံ့ကာပြုံးလိုက်ပီး လွန်းရဲ့လက်လေးကို ဆုပ်ကိုင်လိုက်သည်

" ဒါတွေကကို့အတွက်မထူးဆန်းတော့ပါဘူး အရင်က 1နှစ်ကျော်လောက်အထိညတိုင်းဆေးတွေသောက်ခဲ့ရတဲ့အပြင် အိပ်မပျော်ခဲ့တဲ့ညပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးတယ် "

" ခင်ဗျားဘာတွေခံစားခဲ့ရလို့လဲဟင် "

" စိတ်ကျရောဂါကြောင့်ပါ အချိန်အတိုင်းအတာတခုရောက်ရင် ကိုအကုန်ပြောပြပါ့မယ် "

သူ့ကိုမျက်တောင်မခပ်ကြည့်နေတဲ့လွန်းကို ပြုံးပြလိုက်ပီး နမ်းမ၀ဖြစ်နေတဲ့ပါးဖောင်းဖောင်းလေးကို နမ်းရှိုက်လိုက်သည်

" အချစ်အတွက်အိပ်ချိန်တောင်ကျော်နေပီ အိပ်ပျော်အောင် ခြေဖ၀ါးလေးတွေနှိပ်ပေးမယ်နော် "

HANARY(S1+S2) Where stories live. Discover now