Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၂)
လအနည်းငယ်ကြာပြီးနောက်..
ပိုးလုံးလေးသည် ပိန်လျလျခန္ဓာကိုယ်လေးမှ ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာလေသည်။
စံအိမ်အပြန် ကြိုမည့်သူတစ်ယောက်တိုးလာသည့် ဂိုဏ်းဆက်ခံသူသခင်မလေးသည်တော့ ပင်မစခန်း၌ အလျင်အမြန်လေ့ကျင့်ပြီး အိမ်သို့စောစောပြန်ခဲ့မြဲ..။" မမကြီး ပြန်လာပြီ..ယေး "
ခြံရှေ့မြက်ခင်းပြင်မှ ပြေးလွှားလာသည့် အဖြူရောင်အလုံးလေးနှစ်ခုကို လက်ဆန့်ကာကြိုဆိုနေလိုက်သည်။တိုးဝင်လာသော နှစ်ယောက်၏ ကိုယ်လေးတွေကို မ,ချီကာ မြက်ခင်းပြင်ပေါ်သို့ လျှောက်လှမ်းလာခဲ့သည်။
" ကိုယ့်ပိုးလုံးလေးက ကိုယ်လာတာတောင်မသိဘူးပဲ..အင်း ဝမ်းနည်းစရာပဲ "
ငိုချင်ရဲ့လက်တို့မျက်နှာဖြင့် ထိုင်ခုံပေါ်မှာ ခေါင်းငုံ့ကာချည်ထိုးနေသည့် ပိုးလုံးလေးကိုကြည့်နေသည်။ ကြည့်နေသည်နှင့်တစ်ပြိုင်နက် ဂုတ်ပိုးလေးနှင့် နားရွက်လေးများသည် ပန်းနုရောင်သမ်းလာသည်။
" အင့်..မမကြီး ငိုနဲ့..မမကလေ မမကြီးကိုမျှော်နေတာ "
ငိုသံပါနှင့်ပြောသော အငယ်ကောင်လေးကို ပြုံးပြကာ ဖိကပ်နမ်းလိုက်သည်။
" အာ..အဲ့လိုလား ကိုယ့်ပိုးလုံးလေးက ဟန်ဆောင်ကောင်းတာပဲ "
မော့ကြည့်လာသည့် အညိုဖျော့ရောင်မျက်ဝန်းတစ်စုံကြောင့် နှုတ်ခမ်းတွေကွေးညွတ်အောင်ပြုံးလိုက်လေသည်။
" မမရယ် ဟန်ဆောင်ကောင်းတာမဟုတ်ပါဘူး တကယ်မတွေ့တာပါ "
မျက်လုံးလေးဟိုကြည့်ဒီကြည့်နှင့်ပြောနေသော ပိုးလုံးလေးသည် မလိမ်တက်သည့်ဟန်..။
" ဪ..ဪ ဟုတ်ပါပြီ..ဒါနဲ့ ကိုယ်စဉ်းစားခိုင်းထားတဲ့ အဖြေရပြီလား "
ကလေးတွေကိုချီကာ ပိုးလုံးလေး၏ မျက်နှာ
နားကို မျက်နှာကြီး တိုးကပ်လိုက်လေတော့.." ဘာ..ဘာ စဉ်းစားခိုင်းထားတာလဲ..မေ့..မေ့သွားပြီ "
အယောင်ယောင်အမှားမှားဖြင့် စကားထစ်နေသော ပိုးလုံးလေးသည် တကယ့်မြူနှင်းလေး..။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...