Ch-18( Uni/Zg)

42K 3.2K 766
                                    

သူ့ဆရာသတင်းကြားပီးပီးချင်း Samအ၀တ်အစားတွေအမြန်လဲကာ ဟန်နရီထံချက်ချင်းလိုက်လာလိုက်သည် အရူးတယောက်လိုငိုကြွေးကာ အသိစိတ်လွတ်နေတဲ့ပုံကြောင့် Samလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဟန်နရီကိုပွေ့ဖက်လိုက်သည်

" Boss "

" Sam... အထဲမှာလွန်းက..."

" ကျတော်သိတယ် အခုချိန်မှာလွန်းအတွက်လဲအရမ်းထိတ်လန့်သွားနိုင်တာကြောင့် ခဏလောက်လွှတ်ထားပေးလိုက်ပါ "

" ငါသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး "

မျက်ရည်တွေဖြေမဆည်နိုင်အောင်ကျကာ ငိုကြွေးနေတဲ့ဟန်နရီပုံစံက Samအတွက်ထူးဆန်းနေခဲ့သည် အမြဲသွေးအေးနေတတ်တဲ့လူက သူ့အရှေ့မှာတင်ကလေးတယောက်လိုငိုကြွေးနေတာကြောင့် Samအတော်လေးခံစားသွားရသည်
ခဏအကြာ အခန်းထဲမှ luggageတလုံးကိုဆွဲယူကာထွက်လာတဲ့လွန်းကြောင့် ဟန်နရီအမြန်ထပီး လွန်းရဲ့လက်ကိုလှမ်းဆွဲလိုက်သည်

" အချစ် "

" ကျတော့်ကိုမထိနဲ့!!! အခုချိန်ထိခင်ဗျားကိုခွင့်မလွှတ်နိုင်သေးဘူး ကျတော့်ဘ၀တလျှောက်လုံးခင်ဗျားလိမ်ညာခဲ့တာ...ကျတော့်ဘက်ကကော ဘယ်လောက်နာကျင်ရလဲသိရဲ့လား ခင်ဗျားကကျတော့်အချစ်ဆုံးလူဖြစ်နေလို့ ဒီရင်ဘတ်ထဲကတအားနာကျင်ရတယ်...ကျတော့်နောက်ကွယ်မှာ သေနတ်တလက်နဲ့လူတယောက်ကိုအသာလေးသတ်ပစ်နိုင်တဲ့ Mafiaတယောက်ဖြစ်နေမှန်းတောင် မသိခဲ့ရတဲ့အဖြစ်ကိုကော ခင်ဗျားကိုယ်ချင်းစာမိလား "

လွန်းပြောသမျှကို ဟန်နရီခေါင်းငုံ့ကာငြိမ်ခံနေလိုက်သည်

" ကျတော်အခုဒီအိမ်ကနေထွက်သွားမှာမို့လို့ ခင်ဗျားလိုက်မလာပါနဲ့ ခင်ဗျားလိုက်လာရင် ကျတော်အ၀ေးဆုံးကိုထွက်သွားလိုက်မှာ.... ကျတော့်ကိုချစ်ရင် မနှောင့်ယှက်ပဲအ၀ေးဆုံးမှာပဲနေပေးပါ "

သူ့ရှေ့ကနေ ပြတ်သားစွာထွက်သွားတဲ့လွန်းအနောက်ကို ဟန်နရီပြေးလိုက်ဖို့ကြံပေမဲ့ Samက ဟန်နရီလက်ကိုလှမ်းဆွဲကာ ရပ်တန့်စေလိုက်သည်

" Bossအခုချိန်လိုက်သွားရင် လွန်းပိုမုန်းသွားဖို့ပဲရှိတော့မှာ သူ့ကိုခဏလောက်လွှတ်ထားပေးလိုက်ပါ အခုချိန်မှာသူ့အတွက်လဲ အချိန်အတိုင်းအတာတခုလောက်လိုအပ်အုံးမှာပါ "

HANARY(S1+S2) Where stories live. Discover now