chapter 16

3.3K 660 10
                                    

Uni

နန်ဟွိုင်လင် နည်းနည်းလေးတော့ မယုံသင်္ကာဖြစ်မိသွားတယ်။

"ခင်ဗျား ဒီဟာကို စားချင်တာ သေချာရဲ့လား?"

ဖေ့ချန်က ခေါင်းညိမ့်တယ်။ "ကိုယ် အမေရိကမှာနေတုန်းက ဒီဟာကို ကိုယ်အရမ်းစားချင်နေခဲ့တာ"

အဲ့ဒါက အသားကင်လို့ရတဲ့ စဥ်ကြီးတစ်ခုပါတယ်။ နောက်ပြီး ဒီဟာက အရမ်းရောင်းအားကောင်းတဲ့ စီးပွားရေးတစ်ခုဖြစ်တာကြောင့် ဆိုင်မှာ လူတွေက အပြည့်ပဲ။ အကင်စဥ်ပေါ်မှာ တံဆို့ထိုးထားတဲ့ အသားချောင်းတွေအတန်းလိုက်ရယ်၊ အဲ့ဒီကထွက်လာတဲ့မီးခိုးတွေရယ်ကြောင့် လူတိုင်းလူတိုင်းကို စားချင်စိတ်ဖြစ်အောင် ကြွယ်ဝတဲ့ အနံ့တွေနဲ့ စွဲဆောင်နေတယ်။

နန်ဟွိုင်လင် ရယ်လိုက်မိတယ်။ "ကျတော်ထင်ခဲ့တာက...."

သူထင်ခဲ့တာက ဖေ့ချန်လို ချမ်းသာတဲ့ လူမျိုးက ဒီလိုမျိုးလမ်းဘေးဆိုင်ပေါက်စလေးမှာ စားချင်မှာ မဟုတ်ဘူးလို့။

ဖေ့ချန်က မေးလာတယ်။ "မင်း ထင်ခဲ့တာက ဘာလဲ?"

"ဘာမှ မဟုတ်တော့ပါဘူး" သူ့ရဲ့ အသိပညာမကြွယ်ဝမှုကို ဖေ့ချန်လှောင်ရယ်မှာ နန်ဟွိုင်လင်ကြောက်တယ်။

ဖေ့ချန်က တခြားမေးခွန်းတွေ အများကြီး ထပ်မေးမလာဘဲနဲ့ မီနူးကို ကြည့်နေရင်းတန်းလန်းနဲ့ နန်ဟွိုင်လင်ကို ဘာမှာမလဲ မေးလာတယ်။

"မင်းက လူမမာတစ်ယောက်ဆိုတော့ တုတ်နဲ့ထိုးထားတဲ့ အသားကင်စားတာ အကောင်းဆုံးဖြစ်မလား?"

"အဆင်ပြေပါတယ်။ ကျတော် မစားဖူးတာ တော်တော်ကြာနေပြီ။ ခင်ဗျား ဘာမှာမှာ ကျတော်က ရပါတယ်"

အဲ့ဒီနောက် ဖေ့ချန်က မီနူးကို လက်ညိုးထိုးပြီး စာပွဲထိုးကို ပြောလိုက်တယ်။ "အဲ့တာဆိုရင် ဒီဘက်စာမျက်နှာက စားပွဲတွေကို နှစ်ခုစီလာချလိုက်"

နန်ဟွိုင်လင် , "...ခင်ဗျားက အစားစားရတာ အရမ်းကြိုက်တဲ့သူလား?"

"မဟုတ်ဘူး။ ကိုယ်က ကြွက်" ဖေ့ချန်က အတည်ပေါက်ကြီးပြန်ဖြေလာပြီး လေးလေးနက်နက်ပြန်မေးတယ်။ "မင်းကရော ဘာလဲ?"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now