Ch -19( Uni/Zg)

39.9K 3K 696
                                    

ဘာစကားမှမပြောနိုင်တော့လောက်အောင် ဆွံ့အသွားပြီးလက်ထဲကသေနတ်ပင် လွတ်ကျသွားသည် လေးလံနေတဲ့ခြေလှမ်းတွေနဲ့အနောက်လှည့်ကြည့်လိုက်ပေမဲ့ သူ့ဦးခေါင်းတည့်တည့်ကို Samကသေနတ်နဲ့ချိန်ထားပီးသားပင်~~~~~

" Sam "

မယုံကြည်စွာခေါ်ဆိုလိုက်တဲ့အသံမှာ အနည်းငယ်တုန်ယင်နေပြီး ဟန်နရီရဲ့ခြေလှမ်းတွေပင်ရပ်တန့်သွားတော့သည်။

လဲကျနေတဲ့ရှိန်းက သဘောကျစွာထရပ်ရင်း ဟန်နရီအားလက်ခုပ်တီးကာ ပြက်ရယ်ပြုသည်။

" ဘယ်လိုလဲ မင်းရဲ့ချစ်လှစွာသောတပည့်ဆီက သစ္စာဖောက်ခံလိုက်ရတာ တော်တော်မှအီစိမ့်သွားရဲ့လား "

ဘေးနားမှပြက်ရယ်ပြုနေတဲ့အသံက သူ့နားထဲမ၀င်တော့ပေ။
နှုတ်ဆိတ်ကာသူ့အားသေနတ်ဖြင့်ချိန်ရွယ်ထားသည့် Samရဲ့မျက်နှာကိုပဲ ဦးတည်ကာငေးကြည့်မိသည်။ မယုံနိုင်စရာအဖြစ်အပျက်အား သူလက်ခံဖို့ခက်ခဲဆဲပင်~~~

" Sam "

" ကျတော့်နာမည်ကိုမခေါ်ပါနဲ့ "

လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့သေနတ်လေးက သူကိုယ်တိုင်ဒီဇိုင်းဆွဲပီး ကျေနပ်စွာပေးခဲ့တဲ့သေနတ်လေးဖြစ်နေတာကြောင့် ဘာတခွန်းမှပြောမထွက်တော့အထိဟန်နရီဆွံ့အသွားသည်

မလှမ်းမကမ်းကနေသူ့ကိုသေနတ်နဲ့ချိန်ထားတဲ့ Samအနား ဟန်နရီအမြန်သွားလိုက်ပီး Samရဲ့လက်ကိုလှမ်းဆွဲကာ သူ့နဖူးတည့်တည့်မှာချိန်ထားပေးလိုက်သည်

" တွေ၀ေမနေပဲ ငါ့ဦးခေါင်းတည့်တည့်ကိုပစ်လိုက်စမ်းပါ Sam "

နာကျည်းစွာကြည့်နေတဲ့မျက်၀န်းတွေအား သူတောင့်မခံနိုင်တော့ပေ။ တပည့်ဆိုသောဆက်ဆံရေးထက် ညီအစ်ကိုအရင်းတစ်ယောက်လို ချစ်ခင်ပေးခဲ့တာမို့ ရင်ဘတ်ထဲမှခံစားချက်ကပို၍နာကျင်ရသည်။

" ဘာကြောင့်လဲ ဘာကြောင့်ငါ့ကိုသစ္စာဖောက်ခဲ့ရတာလဲ "

" ခင်ဗျားကိုမုန်းလို့ "

တခါမှမခေါ်ဆိုဖူးတဲ့ " ခင်ဗျား " ဆိုတဲ့နာမ်စားကြောင့် ဟန်နရီမျက်၀န်းထဲ၀မ်းနည်းမှုတွေနဲ့ပြည့်လာသည် ရန်သူကိုသတ်ဖို့အခွင့်အရေးရပီးမှ အယုံကြည်ရဆုံးတပည့်က သစ္စာဖောက်ခဲ့တယ်တဲ့လား

HANARY(S1+S2) Where stories live. Discover now