Ch-20(Uni/Zg)

45K 3.3K 1.6K
                                    

2 months ago

" ဆရာ အရှေ့မှာ Samရောက်လာပါပီ "

လက်ထဲက whiskeyခွက်ကိုအသာပြန်ချလိုက်ပီး ရှိန်းအခန်းပြင်ထွက်လာလိုက်သည်

" ဘယ်လိုလဲ Sam ငါပြောတာလက်ခံရဲ့လား "

" ခင်ဗျားတကယ်ပဲ ကျုပ်အတွက်သီးသန့်ဂိုဏ်းတခုထောင်ပေးမှာလား "

" ဒါပေါ့ ဗစ်တာတို့မြေးအဖိုးကိုဖြုတ်ချပီးတာနဲ့ အာဏာအရှိဆုံးကငါဖြစ်လာမှာ...အဲ့အခါကျရင် မင်းအတွက်သီးသန့်ဂိုဏ်းတခုထောင်ပေးမယ် ဗစ်တာရဲ့နောက်လိုက်ပဲတသက်လုံးမလုပ်ချင်စမ်းပါနဲ့ Sam "

" ကောင်းပီလေ ခင်ဗျားပြောတာကိုကျုပ်လက်ခံတယ် "

" ဒါပေမဲ့ မင်းကဗစ်တာရဲ့လူလေ ငါကဘယ်လိုယုံကြည်ရမှာလဲ "

" မနက်ဖန်လဲမဲ့ပစ္စည်းတွေစာရင်းနဲ့လက်နက်တွေကို ခင်ဗျားဆီယူလာပေးမယ်ဆိုရင်ကော? "

Samရဲ့စကားကြောင့် ရှိန်းသဘောကျစွာရယ်လိုက်ပီး လက်ခုပ်တီးလိုက်သည်

" ကြိုက်ပီ မင်းရဲ့ Bossကိုဘယ်လောက်ထိသစ္စာဖောက်နိုင်မလဲဆိုတာကို ငါစောင့်ကြည့်နေမယ် ငါ့ကိုတော့လိမ်ဖို့မကြိုးစားနဲ့နော် မင်းရဲ့ချစ်လှစွာသော မာန်ဟိန်းကိုတခါထဲကိစ္စရှင်းလိုက်မှာ "

" ဒီမှာ ပစ္စည်းလဲမဲ့နေရာအတိအကျ....ခင်ဗျားဘက်ကအစောကြီးရောက်နေဖို့တော့အရေးကြီးတယ် "

" ဗစ်တာကိိုယ်တိုင်လိုက်လာမှာလား "

" ကျုပ်တခြားကိစ္စကိုအကြောင်းပြပီး အာရုံလွှဲထားလိုက်မယ် ခင်ဗျားဘက်ကသာအဆင်သင့်ပြင်ထား "

" အိုကေလေ မင်းကိုဆက်ပီးစောင့်ကြည့်နေမယ် Sam "

**********

ပစ္စည်းလဲမဲ့နေရာအတွင်း Robertနဲ့ ရှိန်းခန့်ပိုင်ကအရင်ရောက်နေသည် Samကတခြားနောက်လိုက်တွေနဲ့အတူ luggageတလုံးကိုသယ်လာပီး ရှိန်းကိုမျက်စပစ်ပြလိုက်သည်

Samအချက်ပေးတာနဲ့ ရှိန်းရဲ့လူတွေက ဟန်နရီရဲ့တပည့်တွေကိုစတင်တိုက်ခိုက်ကြသည် Samကလဲဟန်နရီလူတွေဘက်မှပြန်တိုက်ခိုက်သလို ဟန်ဆောင်ကာ ရှိန်းလက်ထဲပစ္စည်းထည့်ပေးလိုက်သည်

HANARY(S1+S2) Where stories live. Discover now