Chapter 110

27K 3.8K 383
                                    

Unicode

ယွမ်မင်ရွှိ ကျွန်တော်ရှေ့ ဘယ်တော့မှပေါ်မလာပါစေနဲ့
__________________________________

ကျန်းမော့ချန်ပြန်ရောက်လာတော့ ချီချီကပင်ပန်းလွန်းလို့ အိပ်ပျော်သွားပြီဖြစ်သည်။ ယန်းချင်းချီကတော့ အိပ်ခန်းထဲက စားပွဲရှေ့မှာ စာထိုင်ဖတ်နေသည်။

ကျန်းမော့ချန် အပေါ်ကုတ်ကိုချွတ်ကာ ယန်းချင်းချီအနားလျှောက်သွားလိုက်ရင်း

''ဘာဖြစ်တာလဲ ဒီနေ့ဘာလို့ရုတ်တရက်ကြီး ဆေးရုံသွားရတာလဲ တစ်ခုခုဖြစ်လို့လား ဘယ်နားနေလို့မကောင်းလို့လဲ ''

သူ ယန်းချင်းချီဘေးဝင်ထိုင်လိုက်ကာ စိတ်ပူနေသည့်မျက်ဝန်းတစ်စုံဖြင့် ယန်းချင်းချီကိုအထက်အောက်အစုံအဆန်ကြည့်ရင်း စစ်ဆေးနေလိုက်သည်။ အကုန်အဆင်ပြေနေတာကိုမြင်မှ စိတ်သက်သာရာရသွားသလိုမျိုး သက်ပြင်းချလိုက်လေသည်။

''အဲ့တော့ ဘာဖြစ်တာလဲ ကိုယ့်ကိုပြောပါဦး ''

ယန်းချင်းချီ လက်ထဲကစာအုပ်ကို စားပွဲပေါ်တင်ပြီး ကျန်းမော့ချန်ကို စိတ်အေးစေလိုက်သည်။

''ဘာမှမဖြစ်ပါဘူး နေ့လည်ကတစ်ခုခုဖြစ်ခဲ့ပေမဲ့ ဖြေရှင်းပြီးသွားပြီ ကလေးလည်းအဆင်ပြေတယ် ခင်ဗျားကရော ဘာလို့အစောကြီးပြန်လာတာလဲ ''

''မင်းကကိုယ့်ကို ဖုန်းထဲမှာဘာမှမပြောမှတော့ ကိုယ်ကဘယ်လိုလုပ် တခြားအလုပ်တွေလုပ်ဖို့စိတ်ပါတော့မှာလဲ ကိုယ့်ကိုပြောပါဦး ဘာတွေဖြစ်တာလဲ ''

ယန်းချင်းချီ သူ့ဘေးကလူကိုကြည့်ရင်း

'' ကျွန်တော်ပြောပြမယ် ဒါပေမဲ့ ခင်ဗျား အရမ်းကြီးစိတ်လှုပ်ရှားလို့မရဘူး အရမ်းကြီးလည်းစိတ်မပူနဲ့ ''

ကျန်းမော့ချန် ထိုစကားကြားတော့ အခုကိစ္စက ပေါ့သေးသေးမဟုတ်မှန်း ချက်ချင်းရိပ်မိလိုက်သည်။

''မင်းပြော ကိုယ်အတတ်နိုင်ဆုံးထိန်းထားမယ် ''

''ဒါဆို ကျွန်တော်စပြောတော့မယ် '' ယန်းချင်းချီ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည်။ '' နေ့လည်က ကျွန်တော်နဲ့ချီချီနဲ့ အောက်ထပ်က Supermarketကိုသွားတယ် ဒါပေမဲ့ အဲ့ဒါကပိတ်ထားတော့ ကျွန်တော်တို့အိမ်ယာရှေ့ ရုန်ရှန့်လမ်းထိပ်နားက Supermarketဆီ ကားမောင်းပြီးသွားလိုက်တယ် အဲ့မှာ စျေးဝင်ဝယ်ပြီးကားပါကင်ဆီပြန်လာတော့ လူတစ်စုကလာပိတ်တယ် ကျွန်တော်တို့ကိုဆုံးမဖို့လာပေမဲ့ ခင်ဗျားသိတဲ့အတိုင်း အဲ့လိုလူတွေကပဲ ကျွန်တော်ပညာပြန်ပြတာကိုခံလိုက်ရတော့ ကျွန်တော်နဲ့ချီချီနဲ့ထိခိုက်ဒဏ်ရာမရပါဘူး ဒီတိုင်း ကိစ္စတွေပြီးသွားတော့ နည်းနည်းလေးမသက်မသာခံစားရလို့ စိတ်ချရအောင် ကျန်းရှောင်းဆီသွားစစ်လိုက်တာ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now