Part 24(U&Z)

6.6K 330 1
                                    

Unicode

ဆေးရုံကားပါကင်မှာကားရပ်ပြီး ကလေးအထူးကုဆောင်ထဲဝင်လာလိုက်တာနဲ့ သူနာပြုမလေးတစ်ချို့နဲ့ လူငယ်ဆရာဝန်တစ်ချို့က
ဦးကိုကို ကြည့်ပြီးတီးတိုးပြောဆိုနေတာကြတာမြင်တော့ ဦးကိုကိုစိတ်အနှောင့်အယှက်ဖြစ်သွား၏၊ သူ့ကိုဘာလို့ဒီလိုတွေကြည့်နေရတာတုန်း။ တစ်ခါမှဆေးရုံမှာဒီလိုမျိုးကြည့်ပြီးတီးတိုးပြောဆိုနေတာ မဖြစ်ခဲ့ဖူးတော့ လန့်သွားတာလဲဖြစ်သည်။

ဆေးရုံမှာသူနဲ့ပတ်သတ်ပြီးပြဿနာဖြစ်လို့လား၊ ဒါမှမဟုတ်လူနာကပဲComplainတက်လို့လားမသိ။ ဆေးကုခန်းထဲရောက်တာနဲ့
Duty Coatဝတ်နေတုန်းမှာ ဧကရီရောက်လာပြီး ဆေးမှတ်တမ်းယူလာပေးတော့ ဦးကိုကို ဧကရီကိုမေးလိုက်၏

"ဆေးရုံမှာ တစ်ခုခုဖြစ်လို့လားဧကရီ၊ လူတွေ ဆရာ့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ဆရာခွဲစိတ်ပေးတာနဲ့ပတ်သတ်ပြီးတစ်ခုခုပြဿနာဖြစ်လို့လား"

ဧကရီ ဆေးမှတ်တမ်းစာအုပ်ကြီး ကိုင်ထားရင်း ကိုယ်လေးကျုံ့လိုက်
၍စားပွဲပေါ် စာအုပ်တင်ထားလိုက်ပြီး

"ဟို!မနေ့က မွေးနေ့ပွဲက ပုံတွေ onlineပေါ်မှာပလူပျံနေတယ် ဆရာ၊ပြီးတော့ ခွဲစိတ်အထူးကုဆရာဝန်ကြီးသားရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုပြီး မိန်းကလေးတွေကြားမှာမှတ်ချက်တွေတဟုန်ထိုးရနေလို့"

ဘာ!

"ဆေးရုံနဲ့ပတ်သတ်ပြီးတော့ ဘာမှပြဿနာမရှိဘူးဆရာ"

ဧကရီစကားကြားကြားလိုက်ချင်း ဦးကိုကိုစားပွဲပေါ်လက်ထောက်လိုက်ပြီးနားထင်ကိုလက်ချောင်းဖြင့်ဖိနှိပ်နေလိုက်တော့သည်။အကျိုး
နည်းဒီ့ကောင်လုပ်ရက်က ဖအေဖြစ်သူဆေးရုံအထိ ဂယက်လာရိုက်နေပါ့လား။ မင်္ဂလာပွဲတုန်းကတော့ ဘယ်သူမှဘာမှမပြောခဲ့ပေမယ့် အခုတော့ ဒီကောင်လူရှုပ်လူပွေအဖြစ်နာမည်ထွက်လာပြန်ပြီ။

ဆေးရုံဝင်လာတော့ငရှုပ်ဖအေဆိုတဲ့ မျက်လုံးမျိုးတွေနဲ့ကြည့်နေကြတာမဟုတ်ဘူးလား၊ ပြီးတော့ သားကိုမနိုင်လို့နယ်ပို့ရတဲ့ အဖြစ်ကိုလဲလူတိုင်းသိထားသောကြောင့်။ နားထင်သွေးကြောများထောင်ကားနေတဲ့ ဦးကိုကို ကိုကြည့်ပြီး ဧကရီစကားထပ်စလိုက်ပြန်သည်။

My Weird Husband [ Completed ]Where stories live. Discover now