အပိုင်း ၆၇

2.5K 81 0
                                    

(unicode)

" ဖေဖေ "

ခေါ်သံလေးနှင့်အတူ ကုတင်ပေါ်ကုပ်ကပ်တတ်လာသည်။ ကုတင်ခေါင်းရင်းကိုမှီထိုင်လျက် ဖုန်းကြည့်နေသော စွယ်သော်လင်းရင်ခွင်ထဲသို့ ယသော်ငယ်ငယ် တိုးဝင်ဖက်တွယ်လာသည်။

" ဖေဖေ ယယချောကလပ်စားချင်တယ် အဟွပ် "

" ချောင်းဆိုးနေတယ်လေ။ နေကောင်းမှ စားနော် "

" နံနက်ကလည်း ယယတစ်ထုပဲစားရတယ်။ ဖေ ဖေက နှထုစားတယ်လေ "

" ဖေဖေက လူကြီးဖြစ်လို့ ပိုစားရတာ။ ယယက ကလေးပဲ ရှိသေးလေ။ လူကြီးဖြစ်မှ များများစားရမှာ "

" ယယလည်း ထုထုစားချင်တာပေါ့ "

" နှစ်ခုစားချင်ရင် ဖေဖေလို့ လူကြီးဖြစ်မှရမယ်၊ အဲဒါဆို များများစားလည်း ချောင်းမဆိုးတော့ဘူးပေါ့ "

" ဖေဖေထက် ပိုကြီးရင် ပိုစားရမယ်မလား။ ခုကစ မင်းမင်းတွေများကြီးစားတော့မယ် "

" ဟုတ်တာပေါ့။ မင်းမင်းများများစားမှ လူကြီးမြန်မြန်ဖြစ်မှာ။ ဖေဖေယယက အတော်ဆုံးလေး "

" ယယလည်း ကြည့်မယ် "

ရင်ခွင်ထဲတိုးဝင်လျက် ဖုန်းအတူကြည့်ဖြစ်ကြပေသည်။ ဟာသအတိုလေးများကြည့်နေရာမှစ ထိုမှ

" ချောတယ်။ အဲဒီတိုတိုက ချောလိုက်တာနော် ဖေဖေ "

Phone's screen ထက်မှ ကနေသော Wang YiBo အားအကြည့်မပြတ်ဘဲ ပြောလာသည်။

" ယယ "

" ရှန် ဖေဖေ "

" ဖေဖေတစ်ခုမေးမယ်နော်။ အဲဒီကနေတဲ့ ကိုကိုနဲ့ daddyဆို ဘယ်သူပိုချောတယ် ထင်လဲ "

" တိုးတိုးပြောပြမယ်။ daddy ကြားရင် ဝမ်းနည်းမှာစိုးလို့ "

အိမ်ပြန်မရောက်သေးသော သူ့daddyကြားမှာစိုးလို့ တိုးတိုးပြောမယ်ဆိုပဲ။

" အွန်း။ တိုးတိုးပြော "

" အဲတိုတိုက အရမ်းလှတာပဲ။ daddyထက်ကို များကြီး ပိုလှတယ်။ ဖေဖေရော ထင်လားဟင် "

" ထင်တာပေါ့။ အလှဆုံး အချောဆုံး အခန့်ဆုံးက Wang YiBo ပဲလေ ဟီးဟီး "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now