အခန်း (၇)

72K 8.3K 1.1K
                                    

နေသက်နွေးရဲ့အဖျားရှိန်ကတော်တော်လေးကိုသက်သာလာခဲ့တယ်။ ပြသနာကတော့စတာပါပဲ။နေသက်နွေးကဆေးထိုးကြောက်တယ် ။ ကျော်ဇယံထွဋ်ကဆေးပုလင်းထဲကဆေးကိုစုပ်ပြီးတာနဲ့အဖုံးပိတ်လိုက်ပြီး 'ဆေးထိုးခံ'တရားဟောနေရှာတယ်။

   " ခဏလေးပဲကိုကွာ  "

နေသက်နွေးကဒေါင့်လေးမှာကပ်နေပြီးခေါင်းလေးခါပြတယ်။ နံရံထဲတောင်မှဝင်မတက်ပဲ။ ကျော်ဇေယံထွဋ်ကလည်းအတင်းဆွဲခေါ်တာမျိုးမလုပ်ပဲ၊ရှေ့ကနေသာ၊အပ်ကိုဖွက်ရင်းချော့နေတယ်။

   " အဖျားကကျန်နေသေးတယ်၊ဆေးမထိုးရင် မင်းပြန်ဖျားလိမ့်မယ် ၊ လာ တအောင့်လေးပဲပုရွက်ဆိတ်ကိုက်သလောက်လေးပဲနာတာ"

စိတ်ရှည်လက်ရှည်နဲ့ပြောနေတဲ့အသံကတည်တည်ငြိမ်ငြိမ်လေးပဲ။ညချမ်းလေးမှာလေပြေလေးကြောင့်သစ်ရွက်ကလေး'ရွှား'ခနဲလှုပ်ရှားသွားသလိုမျိုး။

နေသက်နွေးငယ်ငယ်ကဆေးထိုးပြီးခြေထောက်တစ်ဖက်တန်းသွားဖူးတယ်။အဲ့ကတည်းကသူကြောက်သွားတာ။

  " ကောင်လေးရာ.. လာကွာ မဆိုးနဲ့၊ကိုးနာရီထိုးရင်သွားရတော့မှာ"

နောက်ဆုံးနေသက်နွေးရဲ့ခေါင်းမာမှုလေးကပဲအနိုင်ယူသွားတယ်ထင်ပါ့။အဲ့လူကဆေးထိုးအပ်ကိုဘေးချရင်းခပ်ဖွဖွလေးရယ်တယ်။

" ညနေငါခွင့်ယူပြီးမင်းအိမ်ပြန်လိုက်ပို့ပေးမယ်၊ဆေးမထိုးရင်တော့လကုန်အောင်စောင့်တော့ "

နေသက်နွေးရဲ့မျက်လုံးဝိုင်းဝိုင်းတေမှာအလင်းလေးဝင်ရောက်သွားပြီး၊အမူယာလေးကယိုင်ချင်ချင်လေးဖြစ်လာတယ်။

စိတ်ကိုပြင်ဆင်ပြီးသူမတ်တပ်ရပ်ပြီးနောက်မှာကျော်ဇေယံထွဋ်အနားကိုရောက်သွားပြီးနောင်တရချင်လာတယ်။

အိပ်ရာပေါ်မှောက်ခုံမှောက်ရင်း၊ဘောင်းဘီအနားစလေးကိုအောက်လျှောချရင်း၊စူးခနဲရောက်လာတဲ့ခံစားချက်ကြောင့်တွန့်လိုက်မိတယ်။

   " အိ  ...!  "

နေသက်နွေးရဲ့အော်သံလေးကကြောင်ပေါက်လေးခေါင်းခေါက်ခံလိုက်ရသလိုပဲ။

နေရောင်ခြည်လို   နွေးWhere stories live. Discover now