Ch-21(Uni/Zg)

49.2K 3.3K 1.5K
                                    

သက်ဆိုင်ရာ အပိုင်းကနောက်ကြောင်းတွေကိုပြန်ရှင်းထားတာပါ အနည်းငယ်ရှုပ်သွားလို့ နားမလည်ရင် ပြန်မေးနိုင်ပါတယ် 🤍

***********

" Boss ရှိန်းဘက်က ကျတော့်ကိုဆက်သွယ်လာပီ "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" Boss ရှိန်းဘက်က ကျတော့်ကိုဆက်သွယ်လာပီ "

Samလက်ထဲမှ စာရွက်ကိုကြည့်ပီး ဟန်နရီသူ့မျက်ခုံးကိုပင့်တင်ကာ စာရွက်ကိုလုံးခြေလိုက်သည်

" ထင်တဲ့အတိုင်း ကောလဟာလေလေးလွှင့်ပေးလိုက်တာနဲ့ ငါ့တပည့်ကိုချက်ချင်းဆက်သွယ်လာတော့တာပဲ ခွေးသူတောင်းစား "

" ကျတော်တို့ဘာဆက်လုပ်ကြမလဲ "

" တဖက်လှည့်နည်းနဲ့သူ့ကိုချဥ်းကပ်ရမှာပဲ လောလောဆယ်တော့ ငါတို့လွှင့်လိုက်တဲ့ကောလဟာလေတွေကြောင့် ဟီရိုက မင်းအဖေကိုသတ်တယ်လို့ပဲသူ့စိတ်ထဲမှာထင်သွားပီ အဲ့တာကြောင့်လဲမင်းကိုငါ့ဆီကနေ ဆွဲထုတ်နေတာပေါ့ "

" သူ့စိတ်ထဲ ကျတော်က Bossအနားမှာလက်စားချေချင်လို့ ကပ်နေတယ်လို့ထင်သွားတဲ့ပုံပဲ "

" ဒီစာရင်းတွေနဲ့ မနက်ဖန်လဲမဲ့ပစ္စည်းတွေကို သူ့ဆီသွားပေးလိုက်
ဟီရိုကိုတော့ဘာမှမသိစေနဲ့ ငါတို့ဘာသာလှုပ်ရှားမယ် "

" ဟုတ်ကဲ့ Boss "

" မင်းကတကယ်ပဲ ငါ့ကိုသစ္စာဖောက်တဲ့ပုံမျိုးတော့လုပ်ရမှာနော် သူယုံကြည်သွားခါမှ အဲ့ကောင်ရဲ့လုပ်ငန်းအ၀င်အထွက်တွေကို ငါတို့သိလို့ရမှာ "

" ကျတော်ကောင်းကောင်းလုပ်နိုင်ပါတယ်ဗျာ "

ဟန်နရီသူ့လက်ထဲမှ ပစ္စည်းစာရင်းတွေကို Samလက်ထဲထည့်ပေးလိုက်ပီး သူ့တပည့်ခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်သည်

HANARY(S1+S2) Where stories live. Discover now