Part 26(U&Z)

6.4K 302 1
                                    

Unicode

ဧကရီဆေးရုံသွားဖို့ပြင်ဆင်နေတုန်းမှာပဲ အဆောင်ရှေ့ကားတစ်စီးထိုးရပ်တာမြင်လိုက်တော့ငေးကြည့်မိသည်။ ထိုစဥ်ကားပေါ်မှဆင်းလာတဲ့လူတစ်ချို့ကြောင့် ဧကရီ မျက်လုံးလေးများဝိုင်းသွားပြီး အပြေးဆင်းကြိုလိုက်တာဖြစ်သည်။

"မေမေ၊ရန်ကုန်ကိုလိုက်လာတယ်"

ကားပေါ်ကဆင်းဆင်းချင်း လာကြိုတဲ့ဧကရီကြောင့် ဒေါ်မြသက် ပြုံးနေတုန်းမှာပဲ နောက်ထပ်ကားတစ်စီးရောက်လာတော့ ဧကရီငေးကြည့်ရင်း မျက်ဝန်းအစုံပြူးကျယ်သွားရပြန်သည်။ အားစစ်!သူကဘာကိစ္စ ဒီလာတာလဲ၊ မေမေတို့နဲ့တစ်ချိန်တည်း။ မေမေ တို့ပဲခေါ်ထားတာ
လား။ ဧကရီ နားမလည်သလိုမျက်ဝန်းမျိုးဖြင့်ကြည့်လိုက်တော့ အားစစ်က ဒေါ်မြသက်ဘေးနားရောက်နေပြီဖြစ်၏။

"မေမေတို့ကို အထဲမခေါ်တော့ဘူးလားသမီး"

"သြော်..ဟုတ်"

အဆောင်ထဲရောက်တာနဲ့ ဒေါ်မြသက် စတီခုံပေါ်ဝင်ထိုင်လိုက်ပြီး အားစစ်ကဒေါ်မြသက်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ရင်း ဧကရီကို မျက်လွှာပင့်ကြည့်လိုက်၏။ လူကြီးစုံစုံလင်လင်နဲ့ရောက်ချလာတာမလိူ့ ဧကရီစဥ်းစားမရဖြစ်နေတုန်းမှာပဲ

"သမီးကို အားစစ်သွင်နဲ့ စေ့စပ်ပေးမလို့ မေမေတို့ ဒီအထိလိုက်လာခဲ့ရတာပဲ"

ရှင်!!!

ဧကရီ့အကြည့်တွေအားစစ်ဆီတန်းရောက်သွားတော့ အားစစ်ဘာမှမပြောပဲမျက်နှာသာငုံ့ထားလေသည်။ ရုတ်တရက်ကြီး ဆေးရုံ ပြောင်းလာတာမကြာသေးဘူး၊ ရုတ်တရက်ကြီး မိဘတွေပါလိုက်လာပြီး စေ့စပ်ဖို့စီစဥ်နေတယ်။အားစစ်ရန်ကုန်ကိုရောက်လာသည့်အကြောင်း
အရင်းကို သူမနားလည်သွားသလို ခေါင်းငြိမ့်လျက်အားစစ်ကိုကြည့်လိုက်ရင်း မချိုမချဥ်မျက်နှာပေးဖြင့်နှာမှုတ်၍

"ဟွန်း!ကိုအားစစ်က ဧကရီ့ကိုလိုချင်လို့ ရန်ကုန်ကိုTransfer
ကျအောင်လုပ်တာလား"

ဧကရီ့စကားကြောင့် အားစစ်မျက်နှာပျက်သွားပြီး ဒေါ်မြသက်မျက်နှာတင်းမာသွား၏။တစ်ဖက်က လူကြီးမိဘတွေလဲ မျက်နှာပျက်သွား၍ ဒေါ်မြသက်ဆီအကြည့်ရောက်ကုန်ကြသည်။ ဒေါ်မြသက်က သမီးဖြစ်သူကိုဘာမှမပြောထားဘူးလား၊ မိန်းကလေးပုံစံကြည့်ရတာတော့ ဘာမှမသိတဲ့ပုံစံပါ။အကုန်လုံးဧည့်ခန်းကျဥ်းလေးထဲမှာတိတ်
ဆိတ်လျက် ဆူးခက်ကတော့ အကိုဖြစ်သူကိုကြည့်လိုက် ဒေါ်မြသက်နှင့် ဧကရီကိုကြည့်လိုက်။

My Weird Husband [ Completed ]Where stories live. Discover now