Part 28(U&Z)

6.6K 300 2
                                    

Unicode

ကားထဲကနေစောင့်ကြည့်နေပြီး ဆိုင်တစ်ဆိုင်မှဆူးခက်ထွက်လာတာမြင်လိုက်သည်နှင့် ချက်ချင်းဆင်းကာ နောက်မှလိုက်ပြီး လက်ကိုလှမ်းဆွဲလိုက်၏၊

အမလေး!

ရုတ်တရက်လှမ်းဆွဲလိုက်တော့လန့်သွားပြီး လှည့်ကြည့်လိုက်တော့ စက်မျက်နှာမှာပြုံးရိပ်ထင်သွားကာ တရွတ်တိုက်ဆွဲခေါ်ပြီး ကားထဲကိုအတင်းထိုးသွင်း၏၊ထို့နောက် ကားကိုမောင်းထွက်လိုက်လျှင် ဆူးခက်ဒေါကန်သွားရင်း

"ဒါဘယ်ကိုသွားမလို့လဲ MD"

"ဆေးရုံ!မင်းပေးခဲ့တဲ့ဖိုင်အိတ်ထဲက ဆေးစစ်ချက်သက်သေတွေကို
မယုံလို့"

လှည့်မကြည့်ပဲ ကားကိုဆက်မောင်းရင်းပြောလိုက်တော့ဆူးခက်မျက်နှာပျက်သွားပြီး လက်ဆွဲအိတ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏၊စက်ကစကားဆက်ပြောသည်။

"မင်းရဲ့ကိုယ်ဝန်အစစ်အမှန်ဟုတ်မဟုတ် ငါကိုယ်တိုင်စစ်ဆေးမလို့"

ဘယ်လို!

"ဟွန်း!ငါက ကလေးအဖေဆိုတော့ ငါကိုယ်တိုင်သိဖိူ့လိုတယ်လေ"

မျက်လွှာပင့်ပြီးတစ်ချက်ကြည့်ကာ ကားကိုဆက်မောင်းနေတော့ ဆူးခက်ရင်ပူလာပါပြီ။ အခုဆေးရုံသွားမယ့်ကိစ္စကိုဘယ်လိုရှင်းပြရမလဲ၊ ခက်တာက ကိုယ်ဝန်ကိစ္စက တကယ်မဟုတ်။

companyရှိခဲ့တဲ့တစ်ညလုံးဆူးခက်ရုံးခန်းပြင်ဘက်မှာသာရှိနေခဲ့ပြီး မိုးလင်းတော့မှ အဆောက်အဦးအောက်ကိုငုံ့ကြည့်လိုက်တော့ စာဆိုကိုမြင်လိုက်သည်နှင့် အိပ်ပျော်နေသောစက်ဘေးနားအသည်း
အသန်ဝင်ထိုင်ပြီး ဟန်ဆောင်လိုက်ခြင်းပင်။

ဆူးခက်နှင့်စက်အတူရှိနေတာမြင်သွားလျှင် အရင်ဆုံးစာဆိုအထင်လွဲသွားမည်။ သူတို့နှစ်ယောက်ယုံကြည်မှုပျက်စီးနေတုန်းမှာ ကိုယ်ကပထွေးဖြစ်သူဆီ ကိုယ်ဝန်ကိစ္စသွားပြောလိုက်လျှင် ပြဿနာဖြစ်ပြီး ကွဲကွာနိုင်သွားတဲ့အထိဖြစ်သွားနိုင်သောကြောင့်၊ဒီလိုဆိုကိုယ့်
Missionအောင်မြင်ပြီ။ဆူးခက်တွေးခဲ့မိတာဒီလောက်ထိတင်ဂိတ်ဆုံးဖြစ်သည်။

My Weird Husband [ Completed ]Where stories live. Discover now