" ဘာတွေ ရွှေစိတ်တော် ကောက်နေတာတုန်း မောင်ကိုလည်း ပြောပြလေ "
အိမ်ပြန်လာကတည်းက ဟန်နီက အနားကပ်မခံသလို စကားလည်းမပြောပေ။ အကြောင်းပြချက်လည်း မသိရတော့ ဘယ်လို ဘယ်ပုံချော့ရမှန်းမသိပါ။ သားနဲ့သမီးနဲ့ နားမှသာ ကပ်နေပြီး သူကျ လုံး၀အကပ်မခံသလို သူကို ကြည့်နေတဲ့ ဟန်နီရဲ့ အကြည့်တွေလည်းဒေါသထွက်နေသလိုလို ။ ဟန်နီက စကားမပြောရင် သူမှအနေရကျပ်လေသည်။ ပိုတယ်လိုပဲ ပြောပြောဘာပြောပြော အိမ်ထောင်သက်ကြာလာသည်နှင့်အမျှ ဒီလူသားပေါ်မှပိုချစ်လာတာပဲ ရှိလေ၏။တစ်စတစ်စနဲ့ ကြိုးတွေက ရစ်ပတ်နှောင်တွယ်လာလိုက် ရုန်းမရ ပြုမရနဲ့ လည်စင်းပေးမိသည်အထိပဲ ...
" ဘာကို စိတ်ကောက်နေလိုလဲ စိတ်ကောက်ရအောင်ငါက မိန်းမလည်းမဟုတ်ဘူး "
ဘုဆက်ဆက်နဲ့လေသံထွက်နေပုံထောက်ရင် သေချာပါတယ် စိတ်ကောက်နေတာ ဘယ်အေကြာင်းအရာကများ သူဟန်နီကို စိတ်ကောက်စေတာလည်း ..
" မောင်ကို ကြည့်ပါအုံး ..!"
Companyက ပြန်လာတိုင်း ဟန်နီရဲ့ ကိုယ်သင်းနံ့လေးကို နမ်းရိူက်ရမှ လူက အဆင်ပြေ၏။ လက်ဖမိုးလေးကို နမ်းရိူက်လိုက်ရမှ အမောပြေ၏။ အခုလို အထိမခံလိုက်ပုံများ လူကို ရူးစေခြင်းတာလား ..?
သူတို့အခန်းထဲ သားကော့ သမီးကော့ ခေါ်ထားပြီး ဘေးနစ်ဖက်မှ သားနဲ့သမီးကို ထားကာ အလယ်မှ ထိုင်မှ အိမ်ဆောက်တမ်းဆော့နေတာကြောင့် သူဟန်နီလေးက အခုတော့လည်း ကလေးလိုပဲ ချစ်ဖို့ကောင်းနေသည်။
" သားကော့ မီးမီးငယ်ကော့ ဒီည ပါးပါးအခန်းမှအိပ် ..!"
ကလေးနစ်ယောက်လုံးကို ပြောလိုက်ပေမဲ့ သူကိုတော့ ကြည့်မလာနဲ့ ဟန်နီကြောင့်
" မောင်ကကော့ ..!"
ဆိုဖာပေါ်မှ ထိုင်ရင် အောက်မှ ထိုင်ဆော့နေတဲ့ သုံးယောက်သားကို ကြည့်ရင်နဲ့ပဲ
" အိပ်ချင်တ့ဲေနရာမှ သွားအိပ် ..!"
" ဟန်နီမရှိပဲ မောင်ဘယ်လိုအိပ်ရမလဲ ..?"
သူအကျင့်ဖြစ်နေပြီး ဟန်နီရဲ့ နောက်ကျောလေးကို ဖက်အိပ်နေတက်တာ သူလက်မောင်းပေါ်မှ ဟန်နီခေါင်းလေးမရှိနေရင် တစ်ခုခုလိုနေသလို ခံစားနေရတာ ။ သားနဲ့ သမီးတောင် သူလောက် ဟန်နီနားမကပ်ပေး။
