Hold Me 🌻 22(U)

1.6K 112 48
                                    

ပိန်းပိတ်အောင် မည်းမှောင်နေသော တိမ်ထူထူတွေထဲ၀င်ရောက်သွားသလိုခံစားချက်က ဘတ်ဟျွန်းမျက်လုံးတွေ ဖျတ်ခနဲပွင့်လာစေသည်။ အဆုံးအစမရှိသော ကွင်းပြင်ကျယ်လိုနေရာကြီးတခုမှာ သူတယောက်တည်း... ဘယ်ကိုဆက်လျှောက်လို့ ရှေ့ဆက်ရမယ်မသိနိုင်...

" သားရေ !! ဘတ်ဟျွန်းနီး "

အမှတ်ရနေသော ခေါ်သံက သူ့အာရုံကြောတွေထဲမှာသိမ့်ခနဲ။ ဘယ်သူဘယ်ဝါမှန်းသိလိုက်ချိန်ခဏလေးမှာတင် သူ့ခြေလှမ်းတွေက အသံရှင်ရှိရာကို ပြေးသွားနေခဲ့ပြီ။

" မေမေ !!! "

" အားး !!! "

မြူမှုန်တွေကြားထဲမို့ သေချာမမြင်ပေမယ့် ပုံလျက်သားလဲကျနေသော မေမေ့ပုံရိပ်က သူရှိရာမလာပါနဲ့လို့ တုန်ရီသောလက်တဖက်နဲ့တားဆီးဟန်ပြုသည်။

သိတယ်... ဘတ်ဟျွန်းနီးသိတယ် မေမေ..

မေမေ့ကို ဒီိလိုဖြစ်အောင် ရိုက်နှက်နေတတ်တာ...
Appa လို့ခေါ်ရတဲ့ လူကြီးကလွဲပြီးဘယ်သူရှိဦးမှာလဲ...

" မင်းရော...ဒီိကောင်မလို အသားနာချင်တာလား..
ဟမ် !!! "

စိတ်ထဲမှာတင်းကျပ်လာသမျှကိုအော်ဟစ်ထုတ်လိုက်ချင်ပေမယ့် နှုတ်ခမ်းတွေဖွင့်ဟမရလို့ လက်သီးတင်းတင်းဆုပ်မိသည်။ လှုပ်ရှားမှုတိုင်းဟာနှေးကန်လွန်းနေတာလား... ဒီလူကြီးကို ပြန်လည်နာကျင်စေဖို့ ဘာမှကိုမတတ်နိုင်တာလားလို့ မေ၀ခွဲတတ်တဲ့အထိ...

" ခွေးမ !! နင်ခိုးထားတွေပြန်ပေးစမ်း !! "

" အားး !! အာ့ !!
သေပါပြီ... ချမ်းသာပေးပါ "

~ မေမေ

" ဘယ်လောက်ထိငါ့ကို ဒုက္ခပေးနေဦးမှာလဲ..
ဘယ်သူနဲ့ရလာမှန်းမသိတဲ့ကလေးကို ခေါ်ပြီး.. "

" မဟုတ်... "

" မှန်မှန်ပြောစမ်း !! နင် ထပ်ပြီးလိမ်ဖို့မကြိုးစားနဲ့..
နင့်သားကို နင့်ရှေ့မှာသတ်ပစ်လိုက်ရမလား !!"

" ယောဘို !!...ယောဘို !!
စိတ်ထိန်းပါဦး ..
အ့ဲတာ ရှင့်ကလေးပါ.... ကျမအသက်နဲ့လဲပြီး.."

" ဘာ $ စကားထွက်လာချင်သေးတာလဲ !!
ပါးစပ်မပိတ်နိုင်ဘူးလား !! "

You've reached the end of published parts.

⏰ Last updated: Mar 18, 2022 ⏰

Add this story to your Library to get notified about new parts!

Hold Me (Z+U) 🌻 Where stories live. Discover now