44

13.3K 1K 74
                                    

ခွဲစိတ်ခန်းရှေ့မှ မီးသီးလုံးလေးကို
မမှိတ်မသုန် ငေးကြည့်ရင်း ပါးလျလျ ကိုယ်ဟန်လေးသည် ဆေးရုံနံရံထက်၌ မှီတွယ်ထားလို့နေ၏ ။

ခွဲစိတ်ခန်းသုံး အပြာရောင်ဝတ်စုံဖြင့် ဆရာဝန်ကြီး၏ မျက်လုံးများသို့ မှိန်ဖျော့ဖျော့ မျက်လုံးဝိုင်းတို့ဖြင့် စူးစိုက်ကြည့်လိုက်သည် ။

နားထဲ၌ ဝေ့၀ဲလာသည့် လေတိုးသံ တကျီကျီက
ကလူစွာ ၀ဲပျံနေသလို... ။ အခြေအနေ မတိကျစွာသော စကားသံတချို့ ဆုံးသည်နှင့် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက် တစ်ခုက သူ့နှလုံးသားဆီမှ လာဟန်တူသည် ။

" ကျွန်တော့် ခင်ပွန်းကိုပဲ ကယ်ပေးပါ.. ကလေးတွေအတွက် ကံစီမံရာကိုပဲ လက်ခံပါ့မယ် ။ ကျွန်တော့် ခင်ပွန်းကိုပဲ အသက်ရှင်အောင်
လုပ်ပေးပါ "

ဖခင်တစ်ဦး၏ ဆုံးဖြတ်ချက်ပြတ်သားမှုအတွက်
တမလွန်နှင့် လွန်ဆွဲနေရသော သားနှစ်ယောက်ဟာ ကျေနပ်မှုမှ ရှိပါလေမလား.. ။

သူ့ပခုံးပေါ်သို့ ရောက်ရှိလာသော လက်တစ်စုံဟာ
တင်းကြပ်မှုများကြားမှ ပြတ်သားသော ဆုံးဖြတ်ချက်အတွက် နောင်တမရစေရန် အားပေးနေဟန်လည်း ပေါ်၏ ။

" ရိုင်နာ! "

" သူ မင်းဆီ ပြန်လာမှာ ခက်ထန်! မင်း ငိုစရာမလိုဘူး ။ ငါတို့ ကောင် က မင်းကို သိပ်ချစ်ရှာတာကွ! သူ မင်းဆီ သေချာပေါက်ကို ပြန်လာမှာ! ငါ မင်းကို တခါမှ အမြင်မကြည်ခဲ့ပေမဲ့
ဒီတခါတော့ ကျေးဇူးတင်ပါတယ်ကွာ.. တကယ်ပါ "

ဦးစိုင်းထန် ကပါ အပြုံးယဲ့ယဲ့လေး ပေးလာ၏ ။ တသက်လုံး အပြုံးတုတွေနဲ့သာ ရှင်သန်ခဲ့တဲ့လူဟာ ယခုတချိန်တွင်တော့ တောက်ပစွာ ပြုံးပြလာခဲ့၏ ။

ခွဲခန်းရှေ့မှ မလှုပ်မယှက် ရပ်တည်နေသော
ခန္ဓာကိုယ်သည် အကြောတို့ ထုံထိုင်းတောင့်တင်းလာသော်လည်း တစ်ချက်မျှ လှုပ်ရှားသွားခြင်းတော့ မရှိပေ ။ သူဟာ သူ့မျက်စိရှေ့မှ တံခါးကြီး ပွင့်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းလို့ နေ၏ ။ ထို့ထက်ပိုစွာ သူ့ကို အပြုံးချိုချိုလေး ပေးအပ်လာမဲ့ သူ့ကလေးအဖေလေးကိုလည်း တောင့်တမိသည် ။

You are my husband (Season 1)Completed  Where stories live. Discover now