စာစဉ် ၇၃ (၁-၆)
2.2K 324 8
Book.              :  73
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၃၊ အခန်း ၁။ ဘာအကွက်တွေ ရွှေ့ ဦးမလဲ ကြည့်ရသေးတာပေါ့
ခုနစ်စင်ကြယ်သည် ကိုယ့်ကိုယ်ကို မနည်းငြိမ်အောင် ထိန်းလိုက်ရင်းက တတိယအကြီးအကဲအား အထင်ကြီးမိသွား၏ ။
“တတိယကြီးအကဲက တကယ့်ကို ကားမောင်းကျွမ်းတဲ့သူ ပဲဗျာ”
သူတို့ရှေ့မှာ ပိတ်ရပ်ထားသည့် ထရပ်ကားလေးထဲကနေ လူဆယ်ယောက်ကျော် ဆင်းချလာပြီး သူတို့ကားကို ၀ိုင်းထားလေပြီ ။
“သောက်ကျိုးနဲ .. သူတို့ ဘာဖြစ်ချင်တာလဲ ။ ဒီတရုတ်က ကားမောင်းသမားတွေအကုန်လုံး ဒီလိုပဲ ကားမောင်းကြမ်းပြီး စကားတစ်ခွန်းမှ မပြောဘဲ ရန်လုပ်တတ်ကြတာလား”
ခုနစ်စင်ကြယ်မှာ သူတို့ရှေ့က ထိုလူများကို ကြည့်ရင်း ဇဝေဇ၀ါ ဖြစ်နေမိ၏ ။
“ဒီတရုတ်မှာ ကားမောင်းဆရာတွေက ဖိုက်တာတွေကို
ခေါ်လာတာလား ။ ဒီက ကားမောင်းဆရာတွေ
မကြမ်းလွန်းဘူးလား”
ကြယ်ခုနစ်က ခုနစ်စင်ကြယ်ကို ကြည့်ပေးလိုက်၏ ။
“အဲ့ကောင်တွေ ဒီကို ပြသနာလာရှာတာ အသိသာကြီးကို”
“ပြသနာလာရှာတာလား”
ခုနစ်စင်ကြယ် ထိတ်လန့်သွားပြီး မျက်နှာပျက်သွား၏ ။
“မဟုတ်သေးပါဘူး .. ပြသနာကို ငါတို့ကပဲ အမြဲရှာနေကျပါ ။
ငါတို့ကို လာရှာတာကို တစ်ခါမှ မကြုံဖူးသေးဘူး ။
ဒီကောင်တွေကို ဒီနေ့ ခွေးဖြစ်အောင် မရိုက်ပစ်နိုင်ရင်
ငါ့နာမည် ခုနစ်စင်ကြယ် မဟုတ်တော့ဘူး”
ခုနစ်စင်ကြယ်မှာ တံခါးဖွင့်လိုက်ပြီး အပြင်ထွက်သွားဖို့ လုပ်လိုက်သော်လည်း ရီဝမ်ဝမ်က တားလိုက်၏ ။
ရီဝမ်ဝမ်သည် ရင်းရင်းနှီးနှီးမျက်နှာ နှစ်ခုကို ထိုလူအုပ်ထဲတွင် လှမ်းမြင်လိုက်၏ ။ သူမသာ မှန်ခဲ့ပါလျှင် ထိုလူများမှာ
စီ မိသားစုက လျို့ဝှက်ကိုယ်ရံတော်များ ဖြစ်နိုင်ပေသည် ။