စာစဉ် ၇၃ (၇-၁၂)
1.9K 290 8
Book.              :  73
Chapter.          :  7 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၃၊ အခန်း ၇။  စီရီဟန် ငါ့ရဲ့အချစ်ဆုံးညီလေး
အီလဲဗင်း အံ့သြသွားပြီး တွေးမိသွား၏ ။
ရီဝမ်ဝမ်ကို ကြည့်ကာ သူ ရယ်မောလိုက်မိပြီး ပြောလာသည် ။
“အင်း .. ငါ တကယ်ကို စိတ်မရှည်ခဲ့မိတာပဲ ။ ဆရာ ငါ့ရဲ့စကားတိုင်းက တော်တော်လေး စိတ်မရှည်ပုံမှန်း သိသာနေတယ်လို့ ဆရာ ပြောတယ်နော် .. ဒါပေမယ့် အဲ့တစ်ချက်ထဲနဲ့တော့ ဆရာ ငါ့ကို သံသယ၀င်လာစရာ အကြောင်း မရှိဘူး”
ရီဝမ်ဝမ်သည် အီလဲဗင်းကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည် ။
“အဲ့တစ်ချက်ထဲနဲ့တော့ ဘယ်လုံလောက်ပါ့မလဲ … ဒါပေမယ့် အဲရစ်ကို သိလားလို့ ငါ မေးတုန်းက မင်း သိတယ်လို့ ပြန်ဖြေသွားတယ်လေ ။
အဲရစ်က ဒီလောက်လျို့ဝှက်တဲ့ဟာ အဲ့ဒီအဖြေက မထူးဆန်းနေဘူးလား ။ အိမ်တော်ထိန်း ရွှီရီ တောင်မှ အဲရစ်အကြောင်းကို တစ်ခါမှ မကြားဖူးတဲ့ဟာ စီမိသားစုရဲ့ကိုယ်ရံတော်အဆင့်ပဲ ရှိတဲ့မင်းက
သူ့ ကို သိနေစရာ အကြောင်း ရှိပါ့မလား”
ရီဝမ်ဝမ်၏ရှင်းပြချက် အဆုံးတွင် အီလဲဗင်းမှာ အတွေးထဲ ငိုက်စိုက်ကျသွားပြီးနောက် ရီဝမ်ဝမ်ဘက် ပြန်လှည့်ကာ ရယ်မောလာလေသည် ။
“အမှန်ပဲ … ဆရာရှေ့မှာ သရုပ်ဆောင်ရတာ တကယ့်ကို ခက်သားပဲ .. အင်းလေ ဆရာက အကောင်းဆုံးသရုပ်ဆောင်တွေတောင် မွေးထုတ် ပေးထားတာဆိုတော့ ငါ့ရဲ့မဖြစ်စလောက် သရုပ်ဆောင်ချက် လေးက ဘယ်အရူးလုပ်လို့ ရပါ့မလဲ”
“သခင်ကြီးအဲရစ် သူတို့ကို သတ်လိုက်ရအောင်”
စီမိသားစုအကြီးအကဲတစ်ယောက်က အီလဲဗင်းအား ထပြောသည် ။
အီလဲဗင်းသည် အပြုံးရေးရေးလေး ပြုံးလိုက်ပြီး ခေါင်းယမ်းလာကာ …
“ရီဝမ်ဝမ်က ငါ့ရဲ့ဆရာ ဖြစ်နေတုန်းပဲ သူ့ ကို ဖမ်းထားတယ်ဆိုပေမယ့် ဒဏ်ရာရအောင်လုပ်ဖို့ စိတ်ကူးမရှိဘူး ။ စီရီဟန်ကမှ ငါ့ရဲ့ ပစ်မှတ်”