Unicode
အလုပ်သစ်ရသွားသော ယန်းချင်းချီ၊ ချီချီ့ရဲ့ထိုင်ခုံဖော်
__________________________________သုံးလပိုင်းရောက်လာတော့ ချီချီတို့ကျောင်းပြန်ဖွင့်ပြီဖြစ်သည်။ ကျန်းမော့ချန်ရော၊ယန်းချင်းချီပါ ချီချီ့ကို ကျောင်းလိုက်ပို့တဲ့အဖြစ်က ရှားပါးတာကြောင့် အခု ယန်းချင်းချီလိုက်ပို့မယ်ကြားတော့ ကလေးအတွက် ထိုခံစားချက်က တမျိုးလေးဆန်းနေသည်။ သူ ယန်းချင်းချီ လက်ကိုလွှဲရင်း မေးလိုက်သည်။
''ပါးပါး အလုပ်မသွားရသေးဘူးလား ''
''အခုတလောသွားစရာမလိုသေးဘူး '' ယန်းချင်းချီကလည်း နွေးနွေးထွေးထွေးလေးပြန်ဖြေသည်။
''ဒါဆို ဘယ်တော့သွားရမှာလဲ ''
''နောက်နှစ်အထိစောင့်ရမယ်နဲ့တူတယ် ''
ချီချီတစ်ယောက် လက်လွှဲနေတာကိုရပ်လိုက်ကာ ယန်းချင်းချီအား စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် မော့ကြည့်လာသည်။
''ဒါဆို ပါးပါးနဲ့အကြာကြီး အကြာကြီး နေရဦးမှာပေါ့နော် ''
ယန်းချင်းချီပြုံးလိုက်ကာ ကလေးပါးလေးကိုညှစ်ရင်း
''ဟုတ်တာပေါ့ ''
ချီချီက ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်လေးဆန့်တန်းလာသည်။
''ပါးပါး ချီ ''
ထိုသို့ပြောနေရင်း တစ်ခုခုကိုသတိရသွားပုံပေါ်ကာ လက်လေးနှစ်ဖက်ပြန်ချပြီး ပြောလာပြန်သည်။
''အိုက်ယား ချီချီမေ့သွားတာ ဒယ်ဒီကမှာထားတယ် ပါးပါးကို ချီခိုင်းလို့မရဘူးတဲ့ အဲ့တော့ ချီချီ ဖက်ပဲဖက်တော့မယ် ''
ထိုသို့ပြောရင်း ယန်းချင်းချီခါးကိုညင်ညင်သာသာလေးလှမ်းဖက်လာကာ မျက်နှာပိစိလေးဖြင့် ခါးကိုပွတ်နေပြန်သည်။ ထိုနောက် မော့ကြည့်ပြီး တဟီးဟီးရယ်ပြလေသည်။
ကလေးအပြုအမူလေးတွေက အရမ်းချစ်ဖို့ကောင်းတာကြောင့် ယန်းချင်းချီခေါင်းလေးကိုပွတ်ပေးနေရင်း
''ချီချီကအရမ်းချစ်ဖို့ကောင်းတာပဲ ''
ကျန်းမော့ချန်ခန့်ထားသည့် ဒရိုင်ဘာမှာ အသက်၃၀နီးပါးလောက်ရှိပြီဖြစ်ကာ တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် ကျန်းချွမ်ဟုအမည်ရသည်။ သူက ယန်းချင်းချီ၊ချီချီတို့နဲ့ ဒီပိတ်ရက်တစ်လျှောက်လုံး အဆက်အဆံရှိနေခဲ့တာကြောင့် ချီချီက ကျန်းချွမ်ကိုသိပ်မစိမ်းတော့ပဲ ယဥ်ယဥ်ကျေးကျေးလေးနှုတ်ဆက်လာသည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General FictionMain Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎司) Status in coo - 191 chapters [ 98 extras ] Heartwarming and handsome gong× Strong and smart shou...