Ch-22( Uni/Zg)

48.3K 3.2K 260
                                    

တရွေ့ရွေ့ကုန်ဆုံးလာတဲ့ အချိန်တွေကြား အတွေးများနေသူက အိပ်ယာပေါ် ဘယ်ညာလှိမ့်ကာ ဗျာများနေသည် ချစ်ရသူက မလှမ်းမကမ်းဆိုဖာပေါ်မှာ အိပ်နေတာကြောင့် ဘယ်လိုမှအနားကပ်မရဖြစ်နေသည်

" အချစ် "

" ....... "

" အချစ် "

" ..... "

" အချစ် အိပ်နေပီလားဟင် "

" အခုလိုလိုက်ခေါ်နေပုံနဲ့ အိပ်ပျော်ပါတော့မလား "

" ကိုယ်က မင်းအိပ်နေပြီလားဆိုတာသိချင်လို့ပါ "

" အိပ်နေရင်တောင် ပြန်မထူးမချင်းခေါ်နေတဲ့ခင်ဗျားကြောင့် အိပ်လို့ရပါ့မလား "

" ..... "

" ဘာကိစ္စအတင်းလိုက်ခေါ်နေတာလဲ "

" ကိုယ် အဲ့နားကိုခဏလာလို့ရလား "

" ဘာလာလုပ်မလို့လဲ "

" ဒီပခုံးကလေ အရမ်းနာနေလို့ အဲ့တာဆေးလိမ်းပေးလို့ရမလား "

" ခုနကပဲလိမ်းထားပေးတာလေ "

" ဆေးကပြန်ခြောက်သွားလို့ထင်တယ် အခုပြန်နာလာလို့ "

လျစ်လျူရှုပီးမသိချင်ယောင်ဆောင်လဲ အတင်းတွယ်ကပ်နေမှန်းသိတာကြောင့် လွန်းခေါင်းကို အသာညိမ့်ကာ ဟန်နရီကိုလက်လှမ်းပြလိုက်သည် ခွင့်ပြုချက်ရတာနဲ့ ကုတင်ပေါ်မှ ချက်ချင်းဆင်းကာ လွန်းရဲ့ခြေထောက်နှဖက်ကြားထဲ ကျောပေးကာထိုင်လိုက်၏

" ဆေးလိမ်းပေးပြီးရင် ကျတော့်ကိုလာမရစ်နဲ့တော့ "

" ကိုက မရစ်တတ်ပါဘူးအချစ်ရဲ့ "

" ခင်ဗျားမျက်နှာကကော သက်သာရဲ့လား ဒီဘက်ကိုသေချာလှည့် "

ကျောပေးထားတဲ့သူကို မျက်နှာလှည့်ခိုင်းလိုက်တာ
ကြောင့် ဟန်နရီ လွန်းကိုလှည့်ကြည့်ကာ စိုက်ကြည့်လိုက်သည်။ အကြည့်ချင်းဆုံတာနဲ့ နှယောက်သားရင်ခုန်သံတွေက မြန်ဆန်လာရ၏။ စိတ်ဆိုးနေကြသည့်အချိန်ကာလအတွင်း
တစ်ယောက်ကိုတစ်ယောက်အလွမ်းပိုမိတာတော့ ငြင်းမရ။

" ကိုယ် မင်းကိုနမ်းလို့ရမလား "

" မရဘူး "

" ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား အဖြစ်မှန်တွေကိုSamလာပြောပြလို့အကုန်သိပြီးသွားပြီမလား အခုချိန်ထိကိုယ့်ကိုခွင့်မလွှတ်နိုင်သေးဘူးလား "

HANARY(S1+S2) Where stories live. Discover now