(၁၃)Z/U
783 68 2
Zawgyi
________
"အရှင်နယ်စပ်က တပ်သားတွေအမည်မသိရောဂါတစ်မျိုးစွဲကပ်ပြီးသေကြေနေပါတယ် အရှင် ကပဲဒီကိစ္စကိုဖြေရှင်းပေးပါဦး "
ရှဲ့ဟန်အမတ်တစ်ယောက်ရဲ့ လျှောက်တင်မှုကြောင့် စားပွဲပေါ်လက်ထောက်ကာနားထင်ကို အသာကုတ်ကာစိတ်ရှုပ်သလိုလုပ်လိုက်သည်။ခုတလောမှတိုင်းရေးပြည်ရေးအခြေအနေကပိုဆိုးလာပြီး တိုင်းပြည်မှာ သူ့ရဲ့ကြင်ယာတော်က
စုန်းတစ်ယောက်ဖြစ်ပြီးတိုင်းပြည်ကိုအခက်တွေ့အောင် လုပ်နေသည်ဟူသောသတင်းက တော်တော်ပျံ့နှံ့နေချေပြီ
ဘယ်သူဆီက အရင်ပြန့်တာလဲစုံစမ်းနေဆဲပင်
အခုလောလောဆယ်တော့ အမည်မသိရောဂါတစ်မျိုးအတွက်.
လုပ်စရာရှိတာလုပ် ရအုံးမည်
"သမားတော်တွေကို နယ်စပ်ဘက်စေလွှတ်ဖို့စီစဉ်လိုက်ပါ ပေးတဲ့အမိန့် ကိုမနာခံရင်ဘာလဲဆိုတာသိတယ်မှတ်လား
ကိုယ်တော်ပြောတာနည်းလည်မယ်ထင်တယ် "
"ဟုတ်ကဲ့ပါအရှင် "
ညီလာခံထဲကလူတွေအကုန်ထွက်သွားတော့မှ ရှဲ့ဟန်သက်ပြင်းမောကြီးတစ်ချက်ချလိုက်သည်။
ဒီတလောသူ့ခေါင်းကိုကိုက်စရာကိစ္စတွေတော်တော်ပေါ်လာနေတာဖြစ်သည်ရှောင်းဟုန်က သူများတွေပြောနေသလိုစုန်းတစ်ယောက်ဆိုတာသူမယုံပါ
ဒါပေမဲ့လဲ ဒါမျိုးကသူတစ်ယောက်ထဲ ယုံလို့ရမည့်ကိစ္စမှမဟုတ်တာလေ....
ရှောင်းဟုန်ကလဲတကယ်ထူးဆန်းတဲ့မျိုးနွယ်စုပဲမှတ်လား..
*************
"အရှင်"
"ဘာကိစ္စပြန်ဖြစ်လို့လဲ ရှောင်းဟုန်"
ရှောင်းဟုန် သူ့ရဲ့အစေခံမလေးနဲ့ စစ်သူကြီးချန်ဖေးဆီက ထူးဆန်းတဲ့ရောဂါအကြောင်းကြားထားချေပြီပြီးတော့အရှင်က ထိုကိစ္စကြောင့်ခေါင်းရှုပ်နေမှာသူသိသည်။
"အရှင် "
"ရှောင်းဟုန်မင်းကိုယ်တော့်ကိုခေါ်နေတာငါးကြိမ်ပြည့်နေပြီ "
"အာ... တောင်းပန်ပါတယ်အရှင် မိန်စီးဆီကကြားခဲ့ရတဲ့ သတင်းကအမှန်ပဲလား "
ရှဲ့ဟန် လက်ထဲက စာရေးနေတဲ့မင်တံကို မင်ခွက်ပေါ်အသာတင်လိုက်ပြီး ရေးနေတဲ့စာကို ဖတ်ကြည့်နေလိုက်သည်။