Ep - 9

725 53 0
                                    

Full credit to cover photo

မနက်ရောက်သော်......

ဝေ့ရင်းနဲ့ ကျန်းချန် တည်းခိုဆောင်ကနေ ဆင်းလာတော့ အရှေ့မှာ ဆူညံနေတဲ့ အသံ ကြားလိုက်ရတယ်။

သူတို့နှစ်ယောက်လည်း ဘာဖြစ်တာလဲ ဆိုတဲ့ ပုံစံနဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။

'လာ သွားကြည့်ရအောင်....'

ကျန်းချန်လည်း စပ်စုစိန် ဝေ့ရင်းကြောင့် ဒီခရီး ထပ်မနှောင့်နှေးစေဖို့ ဆုတောင်းလိုက်တယ်။ အဲ့ကောင် စပ်စုနိုင်ချက်က မိန်းကလေးတောင် အရှုံးပေးရမယ်။

ဆိုင်ရှေ့ရောက်တော့ အနီအနက်ဝတ်ထားတဲ့ လူတစ်စုက လန်ကျန့် တို့ အရှေ့ကို ပိတ်ရပ်ထားတာ တွေ့လိုက်ရတယ်။

'ဘာဖြစ်ကြတာလဲ....'

ရန်ကျင့် ခုမှ သူ တွေ့ချင်နေတဲ့ လူရဲ့ အသံလေး ကြားရပြီး မျက်ဝန်းတောင့်ကနေ မြင်ရတဲ့ အနက်ရောင် ပုံရိပ်လေးကြောင့် လန်ဒုသခင်လေးကို စိုက်ကြည့်နေတဲ့ မျက်လုံးကို အကြည့်လွှဲလိုက်တယ်။

'ဟို ... ဒီက ဝမ်းဂိုဏ်း သခင်လေးက ကျနော်တို့ ဝမ်းဂိုဏ်းကို ရောက်သင့်တဲ့ချိန် မရောက်လို့ ကိုယ်တိုင် လာစုံစမ်းတာတဲ့....'

ဝေ့ရင်း ဝမ်နင် ဆီက ကြားလိုက်ရမှ ဒေါသ ထွက်လာတယ်။ ဒီ ဝမ်းဂိုဏ်း ဘာဖြစ်ချင်နေတာလဲ မသိရင် ငါတို့က အပြစ်သားတွေ ကျနေတာပဲ။ ပညာတော်သင် ဖို့ ခေါ်တာလား လူ မှောင်ခိုချင်လို့ ခေါ်တာလား မသဲကွဲဘူး။

ပြီးတော့ လန်ကျန့် သူက ဝမ်းဂိုဏ်း သခင်လေးကို ကြောက်နေတာလား။ ဝမ်နင်ကိုပဲ စကားပြောခိုင်းနေရအောင်။ ဝေ့ရင်း ဘာမှမပြောပဲ ဒီတိုင်းရပ်နေတဲ့ လန်ကျန့်ကြောင့် ဒေါသ ပိုထွက်လာရတယ်။

'နေပါအုံး ခရီးထွက်တာပဲ လမ်းမှာ ဘာဖြစ်မလဲ ဘယ်သူမှ မသိနိုင်ဘူးလေ အဲ့ဒါကြောင့် နောက်ကျရင်လည်း နောက်ကျမှာပေါ့။ အဲ့ဒါကို ခုလို အပြစ်သားတွေ ထွက်ပြေးလို့ လိုက်ဖမ်းတဲ့ ပုံစံ လုပ်စရာ လိုလို့လား'

'အိုးးးဟိုးး ဒီက ဝေ့သခင်လေးက ကြားဖူးထားတဲ့ အတိုင်း အစွာလေးပါလား။ ဒီတခေါက် ဖိတ်ကြားထားတဲ့ ဂိုဏ်း အားလုံး သတ်မှတ်ထားတဲ့ ရက်မှာ ဝမ်းဂိုဏ်းကို ရောက်နေရမယ်ဆိုတာ ဖိတ်ကြားလွှာထဲမှာ ပါပြီးသားပါ။ အဲ့ဒါ ကျန်တဲ့ ဂိုဏ်းတွေ ရောက်နေပြီး မင်းတို့ ဂိုဏ်း နှစ်ဂိုဏ်းပဲ ကျန်နေလို့ ဘာများ ဖြစ်နေတာလဲဆိုပြီး လာကြည့်တဲ့ သဘောပါ။'

The Promise  ( Completed )Where stories live. Discover now