အခန်း ၅၄(ရှေးဗုံသံ ၁)

1.7K 449 63
                                    

Unicode

ဘိုးဘေး အကြေးခွံများ ကျပ်သည်းကုန်လျက် အရှက်သည်းမှုကြောင့် မလှုပ်မယှက် တောင့်တင်းသွားသည်။ ရွှမ်းမင်လက်မှဒဏ်ရာ ပျောက်ကင်းလို့လာသည်ကိုကြည့်ရင်း အသိပြန်ဝင်လာပြီး

"ကြည့်လေ..သွေးတိတ်သွားပြီ..ငါ့ကိုကျေးဇူးမတင်သင့်ဘူးလား?"

ထိုအပြောနှင့်အတူ ခေါင်းထဲ၌လည်း အတွေးပေါင်းစုံနှင့် ဒေါင်ချာဆိုင်းနေပြီး နောက်ဆုံးမှာ သူ့လုပ်ရပ်သည် ကျိုးကြောင်းလျော်ကန်မှုရှိသည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ မျက်နှာမဖော်နိုင်အောင် အရှက်ကွဲခြင်း မဟုတ်တန်သည်မို့ ရွှဲရှန်စိတ်အခြေအနေမှာ ပြန်လည်ကောင်းမွန်လို့လာသည်။

သို့သော်ငြား ထိုအခိုက်ဝယ် ရွှမ်းမင်သည် မျက်လုံးများပွင့်သွားစဥ်ကတည်းက အခုအချိန်ထိ လှုပ်ရှားခြင်းမရှိသည်ကို ရွှဲရှန်သတိထားမိလိုက်သည်။ ဝပ်ပြုဟန်လက်နှင့် ကြေးပြားများဆီမှလက်သည် နေမြဲအတိုင်း ရှိနေဆဲဖြစ်၏။ ရွှဲရှန်မှ ပြောစကားဆိုလာသော်လည်း ရွှဲရှန်လျက်ခဲ့သောဒဏ်ရာကို ငုံ့ကြည့်ခြင်းတောင်မပြု။
   
ထူးဆန်းလှသည်။

ရွှဲရှန်၏ခေါင်းအနေအထားသည် ရွှမ်းမင်၏အရှေ့ဘက်ခြမ်းကို မြင်ရရန် ကို့ရို့ကားရားနိုင်သော အနေအထား၌ ရှိလို့နေ၏။ နဂါးအသွင် ပြောင်းခဲ့စဥ်တုန်းက ရွှမ်းမင်ကို အရှင်လတ်လတ် မြေမမြုပ်မိစေရန် အရွယ်အစားအား ချိန်ဆ၍ ပြောင်းလဲခဲ့ပုံရသည်။ သို့သော်လည်း နဂါးခန္ဓာကိုယ်ဖြစ်တာကြောင့် အရွယ်ချိန်ဆထားသည့်တိုင်အောင် ကြီးမားလို့နေဆဲပင်။ ထို့ကြောင့် ရွှဲရှန် ခေါင်းကိုငုံ့လျက် လည်ပင်းကို ကွေးလိုက်သောအခါ သူ့ပုံစံက မြေပြင်ထက် တွဲလောင်းဖြစ်နေသည်။

လက်ရှိအနေအထားမှာတော့ ရွှမ်းမင်၏ ထူးဆန်းနေသောအသွင်က ပိုမိုထင်ရှားလို့လာသည်။ မျက်မှောင်အတန်ငယ်ကျုတ်လျက် နှုတ်ခင်းတင်းတင်းစေ့ထားသည်။ မျက်လုံးများ ဖွင့်ထားသော်လည်း မည်းနက်နေသောအမှောင်ထုသာ ဖုံးကွယ်ထားသော မျက်ဝန်းအိမ်၌ အလင်းတပါဒမျှ ရှာမတွေ့။ တစ်နေရာကို စိုက်ကြည့်နေခြင်းမဟုတ်ပဲ အိမ်မက်ကဲ့သို့သော အရာမျိုး၌ ပိတ်မိနေပုံရသည်။

Copper Coins《铜钱龛世》Where stories live. Discover now