Chapter - 15 (Part 3)

472 96 2
                                    

Unicode

ငါ ကိုယ့်ဘာသာကိုယ် လှည့်ပတ်ပြီး​တော့ ကိုယ့်အခြေအနေကို ပြန်တွေးကြည့်လို့ရတယ်။

တကယ်တော့ ​ကျောင်းကုန်းဇီက မလိုအပ်ဘဲ အတွေးလွန်နေတာ။ ငါက မစ္စယုနဲ့ ပိုမိုရင်းနှီးလာဖို့, မစ္စယုရဲ့ နှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ ခံစားချက်ဟောင်းတစ်ချို့ကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် ကြည့်​ကောင်း​အောင် ၀တ်ဆင်ဖို့ ပြင်ဆင်ထားခဲ့တာ​လေ။ အဲ့အပြင် မစ္စယုက သမ္မတကြီးကို ကိုယ်စားပြုပြီး​တော့ ဒီမြို့က သမ္မတ တည်ထောင်ထားတဲ့ အလယ်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားမှာလည်း ပါဝင်ဆင်နွှဲမှာဖြစ်တယ်။ ငါက ဆိုဖာအစွပ်အသစ်ဝယ်ချင်တာမို့ မစ္စယုက ဘတ်ဂျက်ကောင်းကောင်းရှိတဲ့ အဲ့အလယ်တန်းကျောင်းမှာ နည်းပြဆရာအဖြစ် ငါ့ကို အကြံပြု​ပေးနိုင်မယ်လို့ မျှော်လင့်​ထားခဲ့တာ။

ဒါပေမယ့် ငါ မစ္စယုနဲ့ ဘယ်တော့စကားပြောခွင့်ရမယ်ဆိုတာ မသိဘူး။

အချို့အမျိုးသမီးတွေက ငါ့အနားက ဖြတ်သွားပြီး ​ပြော​နေကြတယ်, "မစ္စယုက ဧည့်သည်နား​နေခန်းမှာ အဝတ်လဲဖို့အတွက် အ​ပေါ်ထပ်ပြန်တက်သွားတာလား?"

"သူတို့က​တော့ အဝတ်လဲတာလို့ ပြောပေမယ့်..."

"​ကျောင်းကုန်းဇီနဲ့မဟုတ်ဘူးလား...?"

"ဘာဖြစ်လဲ? တစ်ယောက်ယောက်က သက်သတ်လွတ်ဟင်းကို နည်းနည်း​လောက် ပြောင်းစားကြည့်လို့မရဘူးလား?"

ငါ သူတို့ဆွေးနွေး​နေတာကို စိတ်မ၀င်စားပါဘူး။ ဒါ​ပေမယ့် ပထမဆုံးအချက်အ​နေနဲ့ ဘာလို့ ငါက အသားဟင်းဖြစ်ပြီး မစ္စယုက ဘာလို့ သက်သတ်လွတ်ဟင်းဖြစ်ရတာလဲ? ဒုတိယအချက်အနေနဲ့ ငါက ဘာလို့ အသားဖြစ်ပြီး မစ္စယုက ဘာလို့ အသီးအရွက်ဖြစ်ရတာလဲ?

ငါ အပေါ်ထပ်ကို အမြန်တက်သွားလိုက်ပြီး ​ကျောင်းကုန်းဇီနဲ့ မစ္စယုတို့ အ​ကြောင်းတစ်ခုခု​ကြောင့် ရန်ဖြစ်နေကြတာကို အဝေးက​နေ လှမ်းမြင်လိုက်ရတယ်။

နှုတ်ဆက်ပါတယ်, ငါ့ရဲ့ဆရာလစာ​လေး​ရေ။

နှုတ်ဆက်ပါတယ်, ငါ့ရဲ့ဆိုဖာအစွပ်​လေး​ရေ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now