Chapter 114

24.7K 3.5K 188
                                    

Unicode

ပေါယန်နဲ့ ဖုမင်ကျီး
__________________________________

ယန်းချင်းချီ ကျန်းမော့ချန်ဆီ ဖြစ်သမျှအစုံစာရိုက်ပို့လိုက်ကာ ပေါယန်အကြောင်းသိလားမေးရင်း ဒီနေ့မိသားစုထဲ ကလေးတစ်ယောက် ထပ်ပိုလာတော့မည်ဟု စာထပ်ပို့လိုက်သည်။

သူ့လိုပဲ သူတို့ကားနဲ့မလှမ်းမကမ်းမှာရပ်ထားသည့် ကားထဲမှာလည်း ဒါရိုင်ဘာမှာ သူတို့သခင်လေး ကျန်းအိမ်ကကားပေါ်တက်သွားတာကိုတွေ့သဖြင့် ဘာဆက်လုပ်ရမလဲဟု သူတို့သခင်ဆီလှမ်းမေးလိုက်သည်။

ကျန်းမော့ချန် အိမ်ပြန်ရောက်တော့ ယန်းချင်းချီကို ချီချီ့အခန်းထဲမှာတွေ့လိုက်ရသည်။ ယန်းချင်းချီက ကလေးတွေအပေါ် စိတ်ရှည်သည်းခံတတ်သူဖြစ်တာကြောင့် ချီချီနဲ့ပေါယန်ကိုအဖော်ပြုကာ အိမ်ဆောက်သည့် ဘလောက်တုံးဆက်တိုင်းဆော့နေသည်။ ကလေးနှစ်​ယောက်က သူ့စကားဆိုလိမ်လိမ်မာမာလေး နားထောင်နေကြကာ ဆက်ရမည့်အပိုင်းကိုယ်စီကိုင်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြင့်ဆက်နေကြသည်။

ယန်းချင်းချီ ကျန်းမော့ချန်ပြန်လာတာကိုတွေ့တော့ ကလေးနှစ်ယောက်ကို သူတို့ဘာသာသူတို့ဆက်ဆော့စေရင်း ချီချီ့အခန်းထဲကနေထွက်လာပြီး တံခါးပိတ်လိုက်သည်။

ယန်းချင်းချီထွက်သွားတာမြင်မှ ဘလောက်တုံးဆက်နေသည့်ပေါယန်လည်း ချီချီ့ကိုလှမ်းပြောလေသည်။ 

''မင်းပါးပါးက မင်းပြောသလို တော်တော်လေးကောင်းသားပဲ ''

ချီချီကလည်း သူပြောတာကိုထောက်ခံသလိုမျိုး ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြရင်း

''ဟုတ်တယ်လေ ငါ့ပါးပါးက အကောင်းတကာ့အကောင်းဆုံး ''

ပေါယန်က ချီချီ့ကိုလှမ်းကြည့်လိုက်ကာ သူကချီချီ့ထက်ပိုပြီး ရင့်ကျက်တာကြောင့် သူ့အတွေးတွေက ချီချီ့ထက်ပိုပြီးဆန်းသစ်သည်။ ချီချီ့မှာအဖေနှစ်ယောက်ရှိတာကိုသိထားသည့်အပြင် ယောက်ျားနှစ်ယောက်ကနေ ကလေးမမွေးနိုင်ဘူးဆိုတာကိုလည်း သိထားတာကြောင့် ထိုနှစ်ယောက်ထဲမှာ တစ်ယောက်ကသာချီချီ့အဖေအရင်းဖြစ်နိုင်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now