part 8.6
11.3K 1K 15
တိုရှီအိုပျောက်သွားပြီး ၅လအကြာတွင်
ခုဇုမိ နဲ့ဂါမိုအူဒါတို့လက်ထပ်လိုက်ကြကာ
ကလေးကိုပါ ဂါမိုအူဒါမွေးထားကြောင်းကြေညာ
ခဲ့သည်။ အားလုံးမဆင်ပြေချောမွေ့နေပေမယ့်
ဂါမိုအူဒါကတော့ တန်တန်ကနေတဆင့် တိုရှီအို
ကိုစောင့်ကြည့်နေပြီး သူမက ခုဇုမိတို့နဲ့မတည့်
သည့်တစ်ခုတည်းသောဂိုဏ်းတွင် ဂိုဏ်းခေါင်း
ဆောင်ကိုမြူစွယ်ပြီး မယားငယ်လုပ်ကာ
အာဏာရှိသူတစ်ယောက်ဖြစ်လာပြီးဟုသိထား
သည်။
နောက်သုံးနှစ်အကြာတွင်ဂါမိုအူဒါတို့ရဲ့
သားလေး ၃နှစ်ပြည့်မွေးနေ့ကို ဟော်တည်
တစ်ခုတွင်ကျင်းပပြီး ဂိုဏ်းပေါင်းစုံလုပ်ငန်းရှင်
ပေါင်းစုံကိုဖိတ်ထားသည်။ဂါမိုအူဒါတွင်လဲ
၆လကျော်ကိုယ်ဝန်လွယ်ထားရပြီးဖြစ်တာ
ကြောင့်အစောင့်ကျပ်တွေကပိုတင်းကြပ်ထား
သည်။
(Host ဒီပွဲကိုဇာတ်လိုက်မလဲလာတယ်)
(ဟုတ်လား ငါ့ကိုလာထိရှင်ဒီညအပျက်ရှင်းတာ
ပေါ့)
ခုဇုမိက သာုးဖစ်သူကိုချီကာလုပ်ငန်းရှင်တွေနဲ့
စကားပြောနေတာကြောင့် ဂါမိုအူဒါလဲ
စားသောက်စရာတွေနားထိုင်ကာ အသီးတွေ
စားနေလိုက်သည်။
"မတွေ့ရတာကြာပြီးနော် ငါ့ယောကျာ်းကိုလုထားတာပျော်ဖို့ကောင်းရဲ့လား"
"ဘယ်သူများလဲလို့ တိုရှီအို ဘဲ မင်းကအခုထိ
အမြင်မှန်မရသေးဘူးနော် ဘယ်ကယောကျာ်း
လဲ ငါ့ကလေးခိုးပြီး ငါ့နေရာကိုလပိုင်းလောက်
ဝင်ယူရုံနဲ့ နင်ကသူ့မိန်းမဖြစ်ရောလား သူက
အကပ်တောင်မခံတာကိုပါးစပ်အရသာခံပြီး
ပြောမနေနဲ့"
"နင်!"
"ဘာလဲရိုက်ချင်လို့လား ဒါဆိုရင်တော့ ဒီနေ့
ကနင့်ရဲ့နောက်ဆုံးရက်ဖြစ်သွားမယ်"
" ရွံစရာကောင် ယောကျာ်းဖြစ်ပြီးဗိုက်ကြီးနဲ့"
" ကလေးတစ်ယောက်ကိုမွေးထုတ်ပေးနိုင်
တဲ့ငါနဲ့ ကလေးတစ်ယောက်ကိုတောင်
မမွေးထုတ်နိုင်ဘဲကမြင်းကြောထတဲ့မင်းနဲ့
ဘယ်သူကပိုရွံစရာကောင်းလဲ "
"တောက်!နင်လွန်မလာနဲ့"
"ငါကလား အဟွန်း ဘယ်သူအရင်လာစတာလဲ
ငါ့ပါးစပ်က ဘရိတ်မပါဘူး "