45

14K 904 46
                                    

" မီ က ဦးထည် ကို အပိုင်လိုချင်ရုံပဲလေ.. ဘာတွေကများ မှားနေလို့လဲ? "

အလုံပိတ်ထားသော အိမ်ကြီးထဲမှ အော်ဟစ်လာသံကို နားထောင်ရင်း ခက်ထန် သက်ပြင်းချမိသည် ။

" သူက မင်းကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး... "

သူ့စကားကြားတော့ ဒေါ်မဒီနှင့်တကွ ရွန်းမီကပါ
လှောင်ပြုံးပြုံးကြ၏ ။

"ဘယ်အချစ်က ဒီလောက်ထိ ခိုင်မြဲနေမယ်ထင်လို့လဲ? သေသောသူ ကြာရင်မေ့တဲ့.. ရှင်က မကြာခင် သေတော့မှာ ၊ အခုချိန်ထိ ထည်ဝါလင်းရှိန် က ငါကလွဲပြီး ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူးလို့ ကြွေးကြော်ချင်နေသေးတာလား "

နီရဲလာသော မျက်လုံးဝိုင်းများဟာ စူးရဲစွာ
စိုက်ကြည့်လာသောအခါ လှောင်ပြောင်ရယ်မောသံများက ခေတ္တမျှ တိတ်ဆိတ်သွားတော့သည် ။

" မနက်ဖြန်မနက် စထွက်ရမယ် ၊ ကိုယ့်စိတ်ကိုသာ အသင့်ပြင်ထားကြရင်ကောင်းမယ် ၊ ခင်ဗျားတို့ နေရမယ့် နေရာမှာ ဘာဆိုဘာမှ ရှိမှာမဟုတ်ဘူး ။
ပင်လယ်ရေနဲ့ သဲသောင်ပြင်ပဲ ရှိမှာ! "

" အယုတ်တမာကောင်! သေရတော့မဲ့ကောင်က လူပါးဝလို့.. ငါတို့ကို အဲ့လိုနေရာကို ပို့လိုက်ရုံနဲ့ ပြီးသွားမှာတဲ့လား ။ အဲ့နေရာက ငါတို့ ပြန်မထွက်နိုင်ဘူးလို့ နင် ဘယ်လိုများတွေးလိုက်တာလဲ ငတုံးကောင် "

" ဟမ့်.. ကျုပ် ပိုင်တဲ့ ကျွန်းလေ ၊ ဘယ်သူမှ ကျူးကျော်ပြီး ၀င်လာလို့ မရဘူး ။ "

ကျောခိုင်းထွက်ခွာသွားသော ကျောပြင်ငယ်ဟာ
ယခင်ကထက်စာလျှင် အနည်းငယ်မျှ ပါးလျလျလေးဖြစ်နေပေလိမ့်မည် ။ ဆေးများစွာဖြင့်အသက်ဆက်လို့ သူဟာ ယခုချိန်ထိ အိပ်ရာထက်ဝယ် လဲလျောင်းခြင်းမရှိခဲ့သလို ဆေးကုသမှု ခံယူခြင်းလည်း မရှိသေးပေ ။ သူ့အတွက် ကျန်ရှိနေတဲ့ အချိန်တိုင်းဟာ ထည်ဝါလင်းရှိန် အနားမှ အန္တရာယ်ဟူ၍ တစိုးတစိမျှ ကျရောက်မလာတော့စေရန် ပြုလုပ်ပေးရန်သာ ရှိ၏။

ဒါမှလည်း မျက်စိကောင်းကောင်း မှိတ်နိုင်မှာဖြစ်သည်.. ။

ထိုသားအမိ ကို ထားမည့် ကျွန်းတွင် ကျား တစ်ကောင်လည်း ကြိုရောက်လင့်နေပြီ ။ မှောင်ခိုလုပ်ငန်းထဲတွင် တောတွင်းတိရစ္ဆာန်များကိုလည်း သူက အလွတ်မပေးခဲ့၍ လိုအပ်လာပါက ထွေထွေထူးထူး ရှာဖွေနေစရာမလိုလှ ။

You are my husband (Season 1)Completed  Where stories live. Discover now