အခန်း (53)

4.7K 758 75
                                    

လက်သီးကိုကျစ်နေအောင်ဆုပ်ထားတဲ့ တန့်ကျင်းဝမ်းရဲ့အမူအရာတွေက ရေခဲတမျှအေးစက်နေတယ်...

ကောင်လေးကို ခိုးယူဝံ့တဲ့သူ ဘယ်သူ့ကိုမှ လွှတ်မပေးနိူင်ဘူး! !!!!

ဒါ့အပြင် ဒီကောင်လေးကိုလဲ ဒီကြောင်းတွေ မသိစေချင်ဘူး....

သူ့ရဲ့ အပြုအမူတိုင်းကို တန့်ကျင်းဝမ်း အနီးကပ်စောင့်ကြည့်နေမှန်း နင်းချီမသိရှာခဲ့ပေ......

ကောင်လေး ပေးတဲ့ ထီးကို ယူပြီး ပျော်ရွှင်စွာနဲ့ အိမ်ပြန်ခဲ့တယ်....ကောင်လေးနဲ့ အရင်ကထက်ပိုပြီး ရင်းနှီးလာသလိုခံစားနေရတယ်....သူ​ သေချာစဉ်းစားထားပြီးပါပြီ....သင့်တော်တဲ့အချိန်တစ်ခုရောက်ရင် ကောင်လေးကို ဒီမြို့ကနေ ခေါ်ထုတ်သွားမယ်...သူတို့နှစ်ယောက်ကို ဘယ်သူမှမသိတဲ့နေရာသစ်တစ်ခုမှာ ဘဝသစ်တစ်ခုထူထောင်ကြမယ်.......

သူ ပိုက်ဆံရှာပြီး ထောက်ပံ့ပေးမယ်ဆို ကောင်လေး စိုးရိမ်ကြောင့်ကြမှုကင်းစွာ နေနိုင်မယ်လို့လဲ ယုံကြည်ထားပါတယ်........

လှပတဲ့ စိတ်ကူးယဉ်အိမ်မက်တွေနဲ့အတူ ရှဲ့ဟယ်ကို နှုတ်ဆက်ပြီး မိုးရေထဲမှာ ထီးတစ်လက်နဲ့ အိမ်ပြန်ခရီးစတင်ခဲ့တယ်.....

ရှဲ့ဟယ်ကလဲ နင်းချီ အိမ်ပြန်သွားတာကို ပြုံးပြီးကြည့်နေတယ်...အတော်လေးကြာတော့မှ ဆိုင်ထဲကို ပြန်ဝင်သွားခဲ့တယ်.....

[ရှဲ့ဟယ်: စီနီယာက တကယ့်ကို လူကောင်းလေးပါ.....ကံမကောင်း အကြောင်းမလှလို့သာ သနားစရာကောင်းနေတာ]

[444: အဲ့တာ Host တာ့တာ့ ထောက်ချောက်ဆင်တာ တော်လို့ပါ......\(^o^)/]

[ရှဲ့ဟယ်:မင်းငါ့ကို ရွဲ့နေတာလား]

[444: .......] ဘာလို့ ရွဲ့နေတယ်လို့ထင်သွားတာလဲ..... လိမ်မာပါးနပ်လွန်းတဲ့ ငါလေး
Host တာ့တာ့ကို ထေ့ငေါ့မယ်တဲ့လား....ဘယ်လိုတောင် တွေးပစ်လိုက်တာလဲ.......

[ရှဲ့ဟယ်: ငါ နင်းချီဆီမှာ ​ခြေရာခံစက်တပ်ပေးလိုက်တယ်.....သတင်းထူးရင် ငါ့ကို နှိုးလိုက်....အခုတော့ တရေးတမောအိပ်လိုက်ဉီးမယ်....]

[444: ........]

……………………………… ………………………………

တန့်ကျိုးကို နင်းချီ အဝေးတစ်နေရာဆီခေါ်ထုတ်သွားချင်တယ်.....ဒါဟာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အတွေးတစ်ခုမဟုတ်ခဲ့ပါဘူး...သူသေချာ အချိန်ယူစဉ်းစားထားတဲ့ အတွေးတစ်ခုပါ.....တန့်ကျိုးပါးစပ်က တန့်ကျင်းဝမ်း သူ့ကို လုံးဝဂရုမစိုက်တော့ဘူးလို့ ဘယ်လောက်ပဲပြောနေပါစေ တန့်ကျင်းဝမ်းရဲ့ မျက်စိအောက်မှာနေထိုင်ရခြင်းက မမြင်နိုင်တဲ့ အန္တာရာယ်တွေ ပုန်းအောင်းနေသလို အခြေနေကြီးပဲလေ.......ဒါ့အပြင် သူ့အဖေကလဲ တန့်ကျိုးနဲ့ သူ့ကို လုံးဝသဘောတူမှာမဟုတ်ဘူး....အဲ့တော့ ဒီတိုင်းပြည်ကနေ ထွက်သွားမှသာ အေးအေးချမ်းချမ်း နေနိူင်မှာပါ.....ဒါ့ကြောင့်လဲ ဒီတိုင်းပြည်ကနေ ထွက်သွားဖို့ ပြင်ဆင်နေပါတယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now