အပိုင်း ၇၀

2.4K 70 0
                                    

(unicode)

ထမင်းစားခန်းထဲဝင်လိုက်လျှင် စားပွဲ၌ daddy
တစ်ယောက် နေရာယူထားလေပြီး။ ဖေဖေနှင့်အနီးဆုံးနေရာတွင် daddy ထိုင်နေ၍ နောက်ကျန်တစ်ဖက်၌ ယသော်ငယ်ငယ်ဝင်ထိုင်လိုက်သည်။

" သမီးအတွက်က ချောကလပ်ယို၊ daddy အ တွက်က ဖေဖေနဲ့တူတူ စပျစ်ယို "

ရှေ့မှပန်းကန်လေးထောင့်အ​ဖြူလေးနှင့် ထည့်ထားသည့် တြိဂံပုံစံဖြတ်ပိုင်းထားသော ပါမုန့်ကင် နှစ်ပိုင်း။ စွယ်သော်လင်း ပါမုန့်ပန်းကန်တို့ကို စားပွဲထက်ချလိုက်ပြီး နေရာချန်ထားသော အလယ်ခုံထက် ဝင်ထိုင်လိုက်သည်။

" ဖေဖေ "

" မုန့်ဖိုးကုန်ပြီးမလား။ ညက ဖေဖေထပ်လွှဲထားပေးတယ် "

" ဟီး ဖေဖေချစ်တယ် အာဘွား "

ထိုင်ရာမှထ၍ ဘေးခုံရှိထိုင်နေသော ဖေဖေပါးကိုအားရပါးရနမ်းရှိုက်လိုက်သည်။ ဖေဖေ၏နူးညံ့အိနေဆဲ ပါးအိအိလေးတို့သည် မွှေးနေပေ၏။

" daddyကိုလည်း အာဘွားပေး ယယ "

" အာဘွား daddy "

" ကလေးငယ် ကိုယ်ကို morning kiss လေး "

" ကလေးရှေ့အနေထိုင်ဆင်ခြင်ဖို့ မှာထားတယ်လေ။ ညကျ ဧည့်သည်ခန်းမှာ သွားအိပ်ချေ "

" ကလေးငယ်ကလည်း... "

" သမီးစား။ ထပ်ယူအုန်းမလား "

ဆူပုတ်ပုတ်မျက်နှာနှင့်လူကြီးကို မသိဟန်ပြုထားလိုက်သည်။

" ကလေးငယ် ကိုယ့် "

" တိတ်လိုက်တော့ ဦးဒေါင်းမာန် "

" အွန်း "

" ဖေဖေ သမီးဘွားဘွားဆီသွားလည်ဖို့။ အဲဒါ... "

" ဘယ်နေ့သွားမလဲ "

" ဒီနေ့ပဲ "

" အင်း။ ကားယူသွား သမီး၊ ဂရုတစိုက်လည်း မောင်းသွားအုန်း။ ရောက်ရင် ဖုန်းဆက်လိုက် "

" ဟုတ်ကဲ့ ဖေဖေ "

သမီးဖြစ်သူကို မှာစရာများမှာပြီး လူကြီးထံကြည့်လိုက်လျှင် မေးထောက်မပြတ်ပြုံးလျက် စိုက်ကြည့်နေပေသည်။

" ဘာကြည့်နေတာလဲ။ မြန်မြန်စား၊ ပြီးရင် အလုပ်သွားရမယ်မလား "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now