part9(Unicode)

26.6K 3K 243
                                    

"ကိုရှင်း အမကိုခေါ်တယ်ဆိုလို့..."

ရုံးခန်းထဲသို့ အသံပြုရင်းဖြင့် ဝင်ရောက်လာသော မမွန်ကြောင့် ရှင်းခန့် မော့ကြည့်လိုက်ပြီးမှ...

"​ဟုတ်တယ် မမွန် ဒီမှာ စာရင်းတွေလက်မှတ်ထိုးပြီးလို့ ယူသွားလို့ရပြီလို့ ခေါ်ပြောတာ.."

"ဟုတ်ကဲ့ ကိုရှင်း ဒါဆို အမယူသွားလိုက်မယ်နော်"

စာရင်းစာအုပ်အထပ်ကြီးအား မေးငေါ့ပြရင်းပြောတော့ မမွန်က ခေါင်းညိတ်ကာဖြင့် စာအုပ်အထပ်အားဆွဲယူသည်။
ပြီးနောက် နေရာမှ လှည့်ထွက်ဟန် ပြင်တာကြောင့်...

"သြော် ခဏလေး မမွန်..."

"ဟုတ် ဘာခိုင်းစရာရှိသေးလို့လဲ ကိုရှင်း..."

မမွန်က ပြန်လှည့်လာရင်းမေးတော့....

"ခိုင်းစရာတော့မရှိပါဘူး နိုရာ့အခြေအနေလေး မေးချင်လို့ မမွန် ဆေးရုံသွားကြည့်ဖြစ်တယ် မဟုတ်လား..."

ဆိုင်းလော့ဒ်တို့မိသားစုနှင့် မမွန်ကရင်းနှီးကာ အိမ်နီးချင်းတွေလည်း ဖြစ်နေတာကိုသိ၍ မေးလိုက်တာဖြစ်သည်။
ကိုယ်က သူ့အဖေနှင့် ပြဿနာအထပ်ထပ် ဖြစ်ထားရပေမဲ့ ထိုပြဿနာက ကလေးအပေါ်ထားရှိတဲ့ ခင်မင်မှုသံယောဇဥ်ကိုတော့ မထိခိုက်စေနိုင်ပေ။မကျန်းမာဘူးဆိုတော့လည်း တချက်တချက်စိတ်ပူနေမိသေးသည်။ဆရာတာရာမင်းဝေ​ရဲ့ကဗျာထဲကလို သံယောဇဥ်ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးလေးလိုပဲဆိုတာ တကယ်ပဲဖြစ်လေသည်။အချိန်တိုလေးအတွင်း တွယ်မိတဲ့စိတ်​​က သူ့ကိုတကယ်ပဲ မသက်မသာဖြစ်စေသည်။

"ကလေးက ကျောက်ကပ်အစားထိုးရမယ်လို့ ပြောတယ် ကိုရှင်း...."

"ဗျာ..ဘယ်လိုဖြစ်လို့ အဲ့လောက်တောင်ဖြစ်သွားရတာလဲ ဒီလောက်ကျန်းမာနေတဲ့ကလေးက..."

"ကလေးကလည်း ငယ်တော့ ခံစားနေရတဲ့ဝေဒနာကို မပြောပြတက်ခဲ့တာပေါ့ သူ့အဒေါ်ကလည်း ဆိုင်တစ်ဖက်နဲ့ အနူးကလည်း အသက်ကြီးပြီဆိုတော့ ကလေးကို အသေးအမွှားကအစ လိုက်မကြည့်နိုင်သလို ဖြစ်သွားတာ.ဆိုင်းလော့ဒ်ကလည်းသူ့အလုပ်နဲ့သူဆိုတော့ အမေလိုတော့ အနီးကပ်မစောင့်ရှောက်နိုင်ကြဘူးပေါ့ အခုလည်းဂရုစိုက်နေတဲ့ကြားကပဲ ဒီလောက်အထိဖြစ်သွားတာ"

Wild  Rose(complete)Where stories live. Discover now