part 9.2
11K 1K 10
မင်းသက်လျာ တစ်ယောက်စာဖတ်ခန်းထဲဝင်
တော့ ကွန်ပျူတာနှိတ်နေသူက မော့ကြည့်လာပြီး
မျက်မှန်ချွတ်ကာ ထိုင်ရန်ညွှန်ပြသည်။
" ကျတော့ကိုခေါ်တာဘာကိစ္စရှိလို့လဲ "
" အရေးတော့မကြီးပါဘူး မနက်ဖြန်ကုမ္ပဏီ
နှစ်ပတ်လည်နေ့လေ အဲ့ဒါငယ် ကိုယ်နဲ့တူတူပွဲ
တက်မလားလို့"
( ဇာတ်ကြောင်းမှာ မူလပိုင်ရှင်ကပွဲမတက်ဘဲ
ဇာတ်လိုက်နဲ့သွားတွေ့ပါတယ် host)
( အင်း ဇာတ်လိုက်အားနည်းချက်တွေရှာထား)
" တက်မယ်လေ ကျတော်တို့ကလက်ထပ်ထား
ကြတဲ့လူတွေဘဲ "
" ဒါဆိုကိုယ်ဝတ်စုံပြင်ထားခိုင်းလိုက်မယ်
မနက်ဖြန် အတန်းချိန်တွေခွင့်တိုင်လိုက်"
"ဟုတ် ဒါဆိုကျတော်နားတော့မယ် "
မင်းသက်လျာ အခန်းပြင်ထွက်တော့ နံရံမှီကာ
သူ့အားလက်ပိုက်ကြည့်နေသည့် နွယ်နီက...
" ကိုယ့်ထက်အသက်ကြီးတဲ့ယောကျာ်းကို
ဖားယားနေတာ ဘယ်လိုလဲ "
" မင်းရဲ့ချစ်သူငါ့ရဲ့ex ကလဲမင်းထက်အသက်
ကြီးတယ်ဆိုတာမမေ့နဲ့ သူများကိုပြောချင်ရင်
ကိုယ့်မှာပစ်ချက်မရှိအောင်အရင်လုပ်"
"တောက်! ထားပါတော့ မနက်ဖြန် ကိုကိုက
ရှင်နဲ့တွေ့ချင်တယ်တဲ့"
" အားမနေဘူး ငါ့ယောကျာ်းနဲ့သွားစရာရှိတယ်
မင်းကလဲနော် မင်းချစ်သူကိုexနဲ့တွေ့ဖို့တောင်
ပြောပေးတာ တော်တော်လေး စိတ်ထား
ကောင်းတာဘဲ ဟင်းဟင်း"
" ရှင်သူ့ကိုသွားတွေ့ကိုတွေ့ရမယ် daddy
နဲ့ပွဲတက်ဖို့ကျမလိုက်သွားမယ် "
"ဒါဆို မင်းdaddy ကိုသွားပြောလေ "
"တောက်!"
(တန်တန် သူမတို့ကအရင်ထဲကနှစ်ယောက်
ပေါင်းကြံနေတာပေါ့)
(ဟုတ်ပါတယ် host မူလပိုင်ရှင်ကတော့
အချစ်ရူးလေးမို့ မရိတ်မိဘူး)
(သူမတို့ကိုစောင့်ကြည့်ထား ထူးခြားရင်
အသံသွင်းသာထားလိုက်)
နောက်တစ်နေ့မနက်တွင်တော့ မနက်စာ
စားဝိုင်းတွင်...
" Daddy ဒီနေ့ကုမ္ပဏီပွဲကို နွယ်လိုက်ချင်တယ်
ကိုမင်းသက်လျာ ကို ကျောင်းပေးသွားလိုက်ပါ
လား စာသင်တာကပျက်လို့မကောင်းဘူးလေ"