chapter 17

3.2K 633 9
                                    

Uni

(TN/ commentတွေမှာ မြန်မာလိုရေးပေးတာကို ပိုကြိုက်တယ်လို့ Mizzleတွေ့ရပါတယ်။ အဲ့တာကြောင့် အခုအပိုင်းကစပြီး မြန်မာလို ပြောင်းလိုက်ပါပြီ။ engလို ဆက်ဖတ်ချင်တဲ့ အသဲတုံးလေးတွေကလည်း Mizzleအခုပြောင်းလိုက်တဲ့ မြန်မာနာမည်လေးတွေက ဖတ်လို့ကောင်းပါတယ်😄။ commentမှာရော messageမှာရော နာမည်လေးတွေ ရေးပေးကြတဲ့ အသဲတုံးတွေကိုလည်း Mizzleကျေးဇူးအများကြီးတင်ပါတယ်။
1. Fei Cheng = ဖေ့ချန်
2. Nan HuaiLin = နန်ဟွိုင်လင်
3. Fei Zheng = ဖေ့ကျန်း
4. Shen Chong = ရှန်ချုန်း
5. Ruan Xin = ရွမ်ရှင်း
6. Shi Yan = ရှီယန်
7. Gao Tan = ကောင်းထန်
8. He DingHong = ဟယ်တင်းဟုန်
9. Hannibal = ဟယ်နီဘယ်လ်
10. Luo Ke = လော့ခဲ့
11. Zhang Heng = ကျန်းဟန်
12. Ming Xi Media = မင်းရှိမီဒီယာ)

နန်ဟွိုင်လင် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျနေခဲ့တာ။ သူ အိပ်ယာနိုးလာတော့ သူ့ရဲ့ဖုန်းကို ပထမဆုံး စစ်ကြည့်လိုက်တယ်။ အချိန်က နံနက်8နာရီထိုးပြီးခါစ ပဲရှိသေးတယ်။ သူ့ရဲ့နဖူးကိုစမ်းကြည့်တော့ အဖျားငွေ့ငွေ့လေး ရှိနေတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်ကလောက်တော့ မပြင်းထန်ဘူး။ အိပ်ယာထ၊ ဆေးကြောသန့်စင်ကာ အောက်ထပ်ကိုဆင်းပြီး နံနက်စာစားဖို့ သွားလိုက်တယ်။ ပေါင်မုန့်နှစ်ခု၊ ဆန်ပြုတ်တစ်ခွက်နှင့် အချဥ်သိပ်ထားတဲ့ဟင်းရွက် သေးသေးလေးတစ်ပန်းကန် စားလိုက်တယ်။

အစားစားနေတုန်းမှာပဲ သူ့ရဲ့ဖုန်းက အသံမြည်လာတယ်။ "ဟယ်လို?"

" ကိုယ်ပါ " အသံတစ်ခုထွက်လာတယ်။

"....." ဒီအသံကို ကြားဖူးသလိုလိုတော့ရှိတယ်။ ဒါပေမယ့် စကားတစ်ခွန်းတည်းကြားရရုံနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို နန်ဟွိုင်လင် အသေအချာ မပြောနိုင်ဘူး။

"မင်းရဲ့ အကို၊ ချုန်း(Chong)ပါ " တခြားဖက်ကလူက ထပ်ပြောတယ်။

အခုမှ ဒါက ရှန်ချုန်းပဲဆိုတာ သူသိသွားတယ်။

"မင်း ဘာလို့ ကိုယ့်ကို အခုထက်ထိ ဘလက်လစ်ထဲကနေ ထုတ်မပေးသေးတာလဲ?" ရှန်ချုန်းက မခံမရပ်နိုင်ဖြစ်နေတဲ့ အသံနဲ့ပြောတယ်။ "ကိုယ်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းလိုဆက်ဆံရေးက စတင်နေခဲ့ပြီးပြီ မဟုတ်ဘူးလား? မင်းကိုယ့်ကို ဒီလိုဆက်ဆံတာ ဖြစ်သင့်ရဲ့လား?"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now