4.6

395 44 0
                                    

Unicode

ဂျီအန်း အိမ်ပြန်ရောက်တာနဲ့ ဦးလေးကြီးထယ်ဆွန်းရဲ့ ဆူတာကိုတဝကြီးခံရတော့သည်
လက်ကလဲ သူမအတွက် ဆေးကုပေးနေရင်း ပါးစပ်ကလဲ ဆက်တိုက်ပြောနေသည်မို့ သူမ သတိတောင်မလစ်နိုင်

ဒဏ်ရာကနက်သည်မို့ ချုပ်လိုက်ရသေးသည်
အစိမ်းလိုက်ချုပ်တာမို့ သူမ အောင့်အီးသည်းခံရုံသာ ချုပ်ပီးတော့မှ စိတ်ကိုလျှော့လိုက်ရင်းသတိမေ့သွားတော့သည်

နောက်တစ်နေ့မနက်ရောက်မှပဲသူမ နိုးလာတော့သည်
ဂျီနာလေးကိုတော့ ဦးလေးကြီးထယ်ဆွန်းက
ချော့မော့ပြောထားတာမို့ သူမ ဒဏ်ရာရလာတာကိုမသိ
ဒီနေ့တော့ ဂျီနာလေး ကျောင်းကိုသွားကြည့်
လိုက်ပါ့မယ်လေ
သူမချက်ချင်းပဲ ထပီးရေချိုးမလို့ရှိသေး
ဦးလေးကြီး ထယ်ဆွန်းက စားစရာ ဗန်းလေးကိုကိုင်ရင်းအထဲဝင်လာတော့သည်
သူမ ဘာလုပ်တော့မလို့မှန်းသိနေသည့်အလား

ထယ်ဆွန်း........ဟင့်အင်း ဂျီအန်း ဒဏ်ရာက ရေထိလို့မရဘူး မချိုးရပါဘူး ခြေလက်ဆေးမျက်နှာသစ်ပီး ပြန်ထွက်ခဲ့ ပီးရင်မနက်စာဒီမှာ စားလိုက်.......

ဦးလေးကြီးထယ်ဆွန်းရဲ့စကားအတိုင်းလုပ်ဆောင်လိုက်ပီးအဆင်ပြေလောက်မယ့် အဝတ်ကိုကောက်ဝတ်ကာ ဂျီနာရဲ့ကျောင်းဆီ ဦးတည်လိုက်တယ်

သူမကိုမြင်တာနဲ့ ဂိတ်ပေါက်ကိုတန်းဖွင့်ပေးလိုက်တဲ့ အစောင့်ဖြစ်သူ
ဒါတွေက ဦးလေးကြီးထယ်ဆွန်း ရဲ့အရှိန်အဝါကြောင့်ဆိုတာ လုံးဝသေချာသည်လေ

သူမ ဂျီနာ အခန်းရှေ့ရောက်ရောက်ချင်း
ဂျီနာ ဘေးနား ရှိနေတဲ့ အရိပ်နှစ်ခုကြောင့်
စိတ်တိုသွားရသည်
တစ်ယောက်က ဇာတ်လိုက်ကောင်
နောက်တစ်ယောက်က တော့ သူမကိုကျောပေးထားသည်မို့ ဘယ်သူမှန်းမမြင်ရ
ဇာတလိုက်မိုဆော့ဝန်းက ပေါက်ပေါက်ဖောက်နေသလောက် ဂျီနာက ရုပ်တည်နှင့်
စာတွေသာကုန်းရေးနေသည်
နောက်တစ်ယောက်ကလဲ နားတော့ထောင်ပေးရှာပေမယ့် ဘာတစ်ခွန်းမှဝင်မပြော
တခြားသူဆို မိုဆော့ဝန်းကို သနားလောက်ပေမယ့် ဂျီအန်းကတော့ အခန်းပြင်ကနေလက်တရွယ်ရွယ်

' host စိတ်ကိုလျှော့ပါဗျာ ဟိုက စကားပဲပြောနေတာလေ ဂျီနာ ကကော ပြန်ပြောလို့လား host ရယ်'

villain systemWhere stories live. Discover now