Unicode
" ၀မ်ရိပေါ် !! ၀မ်ရိပေါ် !! ၀မ်ရိပေါ်!!! "
၀မ်အိမ် အပေါ်ထပ်ကို အပြေးအလွှားတက်ကာ ၀မ်ရိပေါ်ကို အဆက်မပြတ်အော်ခေါ်နေတဲ့ ရှောင်းကျန့်။
ဒေါသအရှိန်နဲ့နီရဲနေတဲ့ မျက်နှာနဲ့ ရှောင်းကျန့် ကြောင့် အိမ်အောက်ထပ်မှာ အပင်ရေလောင်းနေတဲ့ ၀မ်မားက ခေါင်းခါပြီး မသိချင်ယောင်ဆောင်ကာသာ ရေဆက်လောင်းနေလိုက်တယ်။
အထက်တန်းအရွယ်ရောက်လာတဲ့ ၀မ်ရိပေါ်နဲ့ ရှောင်းကျန့်က အရွယ်သာကြီးလာခဲ့တယ် အမူအကျင့်တွေက ဘယ်တော့မှ မရင့်ကျက်ခဲ့ဘူး။
ပြောရရင် ငယ်ငယ်ကလို ပစ္စည်းတစ်ခုကြောင့် စကားများရန်ဖြစ်ခြင်းတွေရှိနေသေးလို စိတ်ဆိုးစိတ်ကောက်ခြင်းတွေလည်း ဒီကလေးနှစ်ယောက်မှာ ရှိနေဆဲပဲ။
နှစ်တွေကြာလာတော့ ကြားထဲက ဖျန်ဖြေပေးရတဲ့ နှစ်ဖက်မိဘတွေကလည်း လွှတ်ထားပေးလိုက်တော့တယ်။ ဓားတွေတုတ်တွေ ပါလာရင်တော့ ၀င်ဆွဲပေးမှာပေါ့ ။
အခုလည်း ဘာပြသာနာဖြစ်ကြပြန်တယ်မသိပေ။
အပေါ်ထပ်မှာ ၀မ်ရိပေါ်ကို မတွေ့တဲ့ ရှောင်းကျန့်က အပင်ရေလောင်းနေတဲ့ ၀မ်မားဆီကို ဘောက်ဆိုက်ဘောက်ဆိုက်နဲ့ ပြန်ဆင်းလာတယ်။
"မား..... ရိပေါ်ရော "
"ခုနကပဲ သားတို့သူငယ်ချင်းတွေ လာခေါ်သွားတယ်လေ သားကျန့်လိုက်မသွားဘူးလား မားက ကျန့်ကျန့်ပါသွားပြီထင်နေတာ"
"ကောင်မလေးတွေရောပါလား မား"
"အေး မီမီလေး ပါတယ်ထင်တယ် မားလည်းသေချာသတိမထားလိုက်မိဘူး"
ငယ်ပေါင်းတွေဖြစ်တဲ့ မိန်မီမီကို ၀မ်မားရော ရှောင်းမားကပါ သေချာသိသည်။
၀မ်မားရဲ့အဖြေတွေကြောင့် ရှောင်းကျန့်က သိပ်ကျေနပ်သေးပုံမပေါ်သော်လည်း ၀မ်မားကိုသာ နှုတ်ဆက်ပြီး ရှောင်းအိမ်ဘက်ကူးသွားတယ်။
"ဪနေဉီး မားမှတ်မိပြီ မီမီဘေးနားမှာကောင်မလေးတစ်ယောက်ပါသေးထင်တယ်။ ကောင်မလေးက ခပ်ချောချောလေးပဲ သားတို့ထက်ကြီးမယ်ထင်တယ်။"
YOU ARE READING
VS (ငါ့ပြိုင်ဘက်) (Complete)
Fanfictiononly yizhan not zhanyi start date - 16.3.2022 end date......12.4.2022 photo cover by my friend (present for me ✌️) မင်းက အဖြူဆို ငါက အမဲ...... မင်းကပြဒါးလမ်းဆို ငါကသံလမ်း မင်းကကျောဘက်ဆို ငါကရင်ဘက် မင်းကအမုန်းဆိုရင်တော့ ငါကအချစ်ထင်ပါရဲ့ ငါ့ရဲ့ပြိုင်...
