Part - 1

82.4K 3.4K 159
                                    

Part - 1

My Oleander Hubby
***************

ကားပေါ်ကို ပစ္စည်းတွေတင်ပြီးတာနဲ့ မောင်းထွက်ဖို့အဆင်သင့်ဖြစ်နေပါပြီ ။ မမ နဲ့ ယောက်ဖဖြစ်သူကတော့ ချန်ထားရစ်ခဲ့ရမယ့် အိမ်ကြီးကို နှမျောတသစွာနဲ့ လည်ပြန်ငေးမောကြည့်လို့ ။ သိန်ပေါင်းသောင်းချီတဲ့ဒီအိမ်ကြီးကို စွန့်ခွာခဲ့ရမယ့်အကြောင်းဖန်လာတော့ ရှိသမျှ အိမ်ထောင်ပရိဘောဂတွေကို ဘာမှတောင်မသယ်နိုင်ခဲ့ ။ လိုသလောက်လေးပဲ ယူနိုင်ခဲ့တာ ။

ကိုယ့်အတွက်တော့ ဘာမှထူးပြီးဝမ်းမနည်းမိပေမယ့် ယောက်ဖနဲ့မမအတွက်တော့ ဒါဟာ တကယ့်ဆုံးရှုံးမှုကြီး ။ အထူးသဖြင့် မမပေါ့ ။ ကိုယ့်အတွက်ရော သူ့အတွက်ပါတွေးဆပြီး လူကုန်ထံအသိုင်းအဝိုင်းက ယောက်ဖဖြစ်သူကိုရွေးချယ်ခဲ့ရတာ ။
အခု ဟိုးအရင်လို နွမ်းပါးတဲ့ဘဝကိုပြန်သွားရမယ်ဆိုတော့ မရူးရုံတမယ် ။ စီးပွားရေးလုပ်ကြရင်း
မထင်မှတ်ထားတဲ့အကြပ်အတည်းတွေကြောင့် ပိုင်ဆိုင်သမျှကို ရောင်းပြီး လျှော်ကြေးပေးခဲ့ရတာကြောင့် ကိုယ်တွေအရင်ကနေခဲ့ရတဲ့ မိဘအမွေအနှစ်အိမ်လေးဆီ ပြန်ပြောင်းရမှာ ။

ချမ်းသာလာလို့ ဘဝင်လဲအမြင့်ခဲ့တဲ့ကိုယ်က ပြန်ပြီးဆင်းရဲလာတဲ့အချိန်မှာလဲ အထူးအထွေဝမ်းမနည်းခဲ့ ။ စိတ်မကောင်းတာတစ်အခုက တသက်လုံးပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့တော့ မိသားစုဒုက္ခရောက်ချိန်မှာ
ဘာမှမကူညီနိုင်ခဲ့ ။ ဒီတစ်ချက်ကိုပဲ ဝမ်းနည်းမိတာ။

" သွားကျရအောင် "

သက်ပြင်းကိုခပ်ကျယ်ကျယ်ချလိုက်ပြိီမှ ယောက်ဖ
ဖြစ်သူနှုတ်ကထွက်လာတဲ့စကား ။ နီရဲနေတဲ့မျက်ဝန်းတွေက ငိုချင်နေတာကိုကြိုးစားထိန်းချုပ်ထားနေတာမျိုး ။ မမရဲ့ပခုံးကိုဖက်ပြီး ကားပေါ်တက်လိုက်တဲ့အချိန် ရင်ခေါင်းထဲကနေ လှိုက်တက်လာတဲ့ငို
သံနဲ့ ငိုချလိုက်တဲ့ မမ ။

မျှော်လင့်ချက်တွေ ရေစုန်မျောသွားခဲ့ရတာမို့ စိတ် ထွက်ပေါက်အနေနဲ့ ငိုကြွေးချင်းမျိုးသာမည်ပါ၏ ။
ကားစက်နှိုးသံက ငိုသံကိုဖုန်းလွှမ်းသွားတဲ့အချိန်
ယောက်ဖဖြစ်သူက မမပခုံးကိုအသာပွေ့ဖက်ရင်း --

My Oleander Hubby ( Completed ) Where stories live. Discover now