part 9.5
10.8K 1K 7
ထိုအဖြစ်ပျက်ဟာ တစ်ပတ်တိတိကြာသည်ထိ
မင်းသက်လျာ ဘက်ကမဖြေရှင်းတဲ့အပြင်
ထိုကျောင်းသားလိုက်ကပ်နေတာကိုလဲ လုံးဝ
မငြင်းပယ်ခဲ့တာကြောင့် အားလုံးက အိမ်ထောင်
ရေးဖောက်ပြန်သူအဖြစ်နာမည်တပ်ခဲ့ကြသည်။
* ဟဲ့အဲ့ဒါ နွယ်နီနဲ့တွဲနေတဲ့ လူမလား
သူကျောင်းကိုဘာလာလုပ်လဲမသိဘူး*
*သူ့ရည်းစားစီလာတာနေမှာပေါ့*
* ဟဲ့ အဲ့လူက ဆရာ့ရဲ့exတဲ့နော် *
*ပွဲကြီးပွဲကောင်းဘဲ*
သက်ဦးစံ က ကန်းတင်းဘက်ထွက်လာခဲ့ပြီး
မင်းသက်လျာရှိသည့် စားပွဲဝိုင်းသို့သွားလိုက်
သည်။
" သက်လျာ မင်းသတင်းတွေပွထနေလို့ကိုယ်
လိုက်လာတာ"
" အော် သက်ဦးစံဘဲ မင်းနဲ့ငါကဘာဆိုင်လို့လဲ"
" အရင်ကဆိုင်တယ်လေ"
"ချီးခြောက်ရေလူး လာလုပ်မနေနဲ့ မင်းကငါ့ရဲ့
ဝမ်းမနာသမီးလေးရဲ့ချစ်သူအဲ့တော့ သူ့ကိုသာ
ဂရုစိုက် "
" မင်းကဘာလဲ အသက်ကြီးတဲ့လူနဲ့တွဲရတာ
ရိုးသွားလို့ ငယ်ငယ်လေးကိုဆွဲစားတာလား"
"အဲ့ဒါမင်းလုပ်တတ်တဲ့အကျင့်တွေလေ "
" ဆရာ ကျတော်သွားတော့မယ် ညကျရင်မွေး
နေ့လာဖိုမမေ့နဲ့နော် "
"အင်း "
ထိုကောင်းလေးထွက်သွားမှ နွယ်နီရောက်လာကာ...
" ကိုကို ရောက်လာရင်ဘာလို့နွယ့်စီမလာတာလဲ"
" အော် မိတ်ဆွေဟောင်းနဲ့တွေ့နေလို့လေ"
"သူ့နားသိပ်မနေနဲ့ သူ့ကြောင့်ကိုကိုပါ သိက္ခာ
ကျလိမ့်မယ် "
မင်းသက်လျာက
" သိက္ခာရှိတဲ့မင်းတို့ဘဲ ဆက်ပြောကြတော့
ငါ့သွားတော့မယ် "
"ဆရာမင်းသက်လျာ အနေထိုင်ဆင်ချင်ပါ
ကျမdaddyနာမည်ပျက်အောင်မလုပ်နဲ့"
" မင်းစိတ်ပူစရာမလိုဘူး မကြာခင်မင်းနေရာ
ပျောက်မယ်ဆိုတာဘဲ သိထားပေး"
မင်းသက်လျာထွက်သွားတာနဲ့ နွယ်နီကလဲ
သူတို့ကိုကြည့်ကာတီးတိုးပြောနေသည့်လူ
တွေကြောင့် သက်ဦးစံအားဆွဲကာထွက်လာ
လိုက်သည်။