အခန်း ၃ သူမတူတဲ့ စင်ဒရဲလားလေး

5K 551 0
                                    

လော့ယောင်ယောင် တော်တ်ောကြာစောင့်နေတဲ့ထိ စာက ပင်လယ်ထဲက ပစ်ခံလိုက်ရတဲ့ကျောက်တုံးလေးလို ပြန်စာမလာတော့

ဒါမဲ့ အရင်တုန်းက ပို့တဲ့စာတွေက ဒိထက်တိုတယ်လေ အဆုံးကျ သူမ နောက်ဆုံးပို့ထားတဲ့စာကိုပြန်ကြည့်လိုက်သည်။ မမြင်ဘူးလား သူအလုပ်များနေတာလား စာမပြန်ဘူးဆိုတော့ ချင်းကျင်းက သူမ စာကို မပြန်ချင်တာများလား

လော့ယောင်ယောင်စိတ်ထဲ ခံစားချက်တွေ အကုန်ရောထွေးလို့နေသည်။ အရင်ကဆို သူမဖုန်းခေါ်ရင် သူအလုပ်လုပ်နေတာဖြစ်ဖြစ် အစည်းအဝေးတက်နေတာဖြစ်ဖြစ် သူမဖုန်းကို ချက်ချင်းကိုင်နေကျ အခုက နည်းနည်းကျိုးကြောင်းမဆီလျော်ဘူးလားလို့

တသက်လုံးနေချင်သလိုနေလာတဲ့ လော့ယောင်ယောင်က အခုမှ ဒါတွေကို သတိထားမိနေတယ်တဲ့

တချိန်က သူမ ရဲ့ အချစ်ဆုံးသူငယ်ချင်းပြောဖူးတဲ့စကားကို ပြန်သတိရလိုက်သည်။ ဆင်ခြင်တုံတရားမရှိတဲ့ မိန်းမက စက်ဆုတ်စရာကောင်းတယ် ဒါမဲ့ အဲ့လို ဆင်ခြင်တုံတရားမရှိတာကို ထိန်းမတ်ပေးမယ့်သူမရှိရင် အဲ့ဒီမိန်းမက စက်ဆုတ်စရာတင်ကောင်းတာ မဟုတ်ဘူး သနားဖို့ပါ ကောင်းသွားပြီတဲ့

လော့ယောင်ယောင်လည်း အခု သူမကိုယ်သူမ အဲ့လိုခံစားနေရတာပဲ

အနက်ရှိုင်းဆုံးအချစ်တောင် ရုန်းမထွက်နိုင်ဘူး သူမ ချန်ဟောက်ကို သဘောကျခဲ့တုန်းကလိုပေါ့ သူကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံခံ မခံခံ သူမနဲ့လော့ချန်ချန်ကြား ဘာလုပ်လုပ် သူမက ဘာမှ မတွေးမိတာ ချစ်တာ မချစ်တာတောင် မဆန်းစစ်နိုင်ဘဲအရှုံးမပေးချင်တော့တာပဲ သိတာလေ အဲ့ဒါကြောင့်လည်း လော့ချန်ချန်ကို သတ်မိတဲ့ထိဖြစ်ခဲ့တာ

သူမ မရနိုင်တဲ့ဟာကို လော့ချန်ချန်လည်းမရရဘူးလို့

အဲ့ဒါကြောင့် နောက်ဆုံးသူမနိုင်ခဲ့ပေမယ့် ရှုံးခဲ့ရတာ

ချန်ဟောက်နဲ့စေ့စပ်ဖို့အောင်မြင်ခဲ့တယ် ဒါမဲ့ ဒီစုံတွဲက 'သူမကို မပြောရဲဘူး သူမနာကျင်သွားမှာကြောက်တယ်' ဆိုတဲ့ အကြောင်းပြချက်နဲ့ တိတိတ်လေး ၅ နှစ်လောက်ခိုးဒိတ်ခဲ့ကြတယ်တဲ့ ၅ နှစ်တောင်နော် သူမက အရူးလိုပဲ​ဒီအတွဲ နှပ်သမျှ ခံခဲ့ရတာ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now