Chapter - 45 (U+Z)

12.3K 2.1K 105
                                    

//UNICODE//

အခန်း ၄၅ - ချစ်သူ

​ကောင်ငယ်​လေး တံခါးဖွင့်လိုက်သည်နှင့် ကုလီဟန်ရဲ့ စူးစူးစိုက်စိုက်အကြည့်တွေက သူ့အပေါ်ကို ချက်ချင်းကျရောက်လာသည်။ ထို့​နောက် သူက နှင်းဆီပန်းတွေကို သူ့(SL)ကို ပေးလိုက်သည်။

"ဒါ...မင်းအတွက်"

စုလင်း မြင်နိုင်သမျှက နီ​ဆွေး​ ​တောက်ပမှုသာဖြစ်ပြီး နှင်းဆီရနံ့က သူ့ကို ဝန်းရံထားသည်။ သူ ကုလီဟန်ကို ကြည့်လိုက်သည်။ သူ့နတ်ဘုရားရဲ့ အမူအရာက ​တောင့်တင်း​နေပြီး အနည်းငယ် စိတ်လှုပ်ရှား​နေဟန်လည်း ရှိသည်။ စုလင်း ပန်းများကို တောက်ပသော အပြုံးဖြင့် လက်ခံကာ

"ကျေးဇူးတင်ပါတယ်"

ထို့နောက် သူ ကုလီဟန် ဝင်လာလို့ရ​အောင် ​ဘေးကပ်​ပေးလိုက်ပြီး

"ဝင်​လေ"

စုလင်း နှင်းဆီပန်း​တွေကို မငြင်းဆန်တာကြောင့် ကုလီဟန် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ ဧည့်ခန်းထဲ ဝင်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဧည့်ခန်းက သိပ်မကျယ်လှ​သော်လည်း အဓိကအရောင်အနေနဲ့ အပြာရောင်​ဖျော့​ဖျော့ကို သုံးထားတာ​ကြောင့် အခန်းက ​နွေး​ထွေးလှသည်။

စုလင်း တံခါးကိုပိတ်ပြီးနောက် သူလှည့်ကြည့်လိုက်တော့ နတ်ဘုရားက မလှုပ်မယှက်ဘဲ တစ်နေရာတည်းမှာ ရပ်နေတာတွေ့လိုက်ရာ သူက ပြုံးမိလိုက်ပြီး

"ထိုင်ပါဦး၊ ကျွန်​တော် သောက်စရာ တစ်ခုခု သွားယူပေးရလား?"

"မလိုပါဘူး။"

စုလင်းက သူ့ကို ပြုံးပြနေတာကို မြင်လိုက်ရတော့ ကုလီဟန်ရဲ့ အမူအရာက ပျော့ပျောင်းလာပြီး သူ့စိတ်တွေ ပိုပြီးတော့ အေးချမ်းသွားသည်။ ထို့ကြောင့် အနီးဆုံး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

စုလင်း ပန်းများကို ပန်းအိုးထဲ သေသေချာချာ စီရရီ ထည့်လိုက်သည်။ ထို့​နောက် ပန်းအိုးထဲမှာ ရေနည်းနည်းထည့်ပြီး သူ့အိပ်ခန်းထဲကို ယူသွားလိုက်သည်။

တစ်ဖက်တွင်လည်း ကုလီဟန်ရဲ့ မျက်လုံးများက သူ့ပုံရိပ်​လေး​ပေါ်မှာ လိုက်ပါ တွယ်ငြိ​နေတာ​ကြောင့် စုလင်း အိပ်ခန်းမှ ထွက်လာသောအခါ သူ့အကြည့်များကို ချက်ချင်း သတိပြုမိသွားသည်။ ရုတ်တရက် စုလင်းရဲ့ နှလုံးခုန်သံ မြန်လာသည်။ နတ်ဘုရားရဲ့ အကြည့်က ပြင်းထန်လွန်းပြီး သူ့ကို နက်နက်ရှိုင်းရှိုင်း အချစ်ခံ​နေရသလို ခံစားရစေသည်။ ဒီခံစားချက်က တကယ်ကို ထိရှ​စေသည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားရပြီး စုလင်း ​ရေသန့်စက်ဆီသွားပြီး ​ရေ၂ခွက်ထည့်လိုက်သည်။ ထို့​နောက် ကုလီဟန်ရဲ့ ​ဘေးတွင် ဝင်ထိုင်လိုက်ကာ ရေတစ်ခွက်ကို သူ့ရှေ့တွင်တင်လိုက်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now