(Uni)
.
.
.
ကိုယ်....တောင်းပန်ပါတယ် ။
မနက်နေရောင်ခြည်ထွက်လာတော့ ပွစာကြဲနေတဲ့ အခန်း၌ ဖက်လျက်အိပ်နေကြသော သူတို့နှစ်ဦး နိုးလာသည် နိုးလာချင်းပင် ဦးထင်ကသူမကိုတောင်းပန်လာတယ်
ဝါစခဲ့တာ..ဝါ့အပြစ်ပါ ဦးကြောင့်မဟုတ်ပါဘူး...အဲ့အတွက်ဦးတောင်းပန်ဖို့မလိုပါဘူး ။
ကိုယ့်ကိုကြည့် ။
သူဟာစောင်ခြုံထဲကသူမမျက်နှာကိုထိကိုင်လိုက်ရင်း ကြည့်ခိုင်းလာလေသည် သူမကမျက်လုံးချင်းဆိုင်ဖို့ရှက်နေပါသေသည်
ကိုယ့်ကိုကြည့်ပါအုံး...ကိုယ်တာဝန်ယူမယ် နာကျင်အောင်လုပ်မိလို့ ကလေးမကိုခံစားရစေခဲ့လို့ ကိုယ်မင်းကိုတာဝန်ယူမယ်။
မချစ်ပဲနဲ့ပေါ့...။
ထိုအခါမှသူမဟာသူ့ကိုကြည့်ပြီးစကားပြောလာလေသည် သူ့လက်ကြားထဲကသူမမျက်နှာလေးဟာ ဝမ်းနည်းနေသယောင် ခိုကိုးရာကင်းမဲ့လို့ သူ့ဆီဝင်ခိုနားချင်နေသယောင် ညကဖြစ်ပျက်မူကဖြစ်ပီးခဲ့ပေမယ့်သူမအပေါ် ခံစားချက်ရှိနေသလားဆိုတာ သူမသိပါ...ယခုအခြေအနေဟာဆုံးဖြတ်ရအတော်ကျပ်သလို စဉ်းစားရခေါင်းရူပ်စေပါသည်
အမ်းကိုရော ဘယ်လိုလုပ်မလဲ သူမကိုသူသာတာဝန်ယူရင်အမ်းကရော...
ညကလဲသူမလေးက သူ့ကိုချစ်နေမိပီလို့ဝန်ခံခဲ့တယ် သူမခံစားချက်နဲ့ဖွင့်ဟမူကို အမ်းသာသိရှိခဲ့ရင် နာနာကျင်ကျင်နဲ့ကိုခံစားရမှာပင်
ပြောလေ...ဦး...ဦးကဝါ့ကိုမချစ်ပဲနဲ့တာဝန်ယူမလို့လား..ဝါက..ဝါကဘာမှမဖြစ်ပါဘူး ပြီးတော့ဝါကမကောင်းတဲ့မိန်းမလေ အဲ့လိုကိစ္စလေးတစ်ညဖြစ်ရုံနဲ့ ဦး မကြိုက်ပဲတာဝန်ယူစရာမလိုပါဘူး ဝါအဆင်ပြေတယ်...။
ဟုတ်လား...အဲ့လိုကိစ္စဖြစ်ခဲ့တာအဆင်ပြေတယ်ပေါ့...ပထမဆုံးအနေနဲ့အဆင်ပြေတာလား..မင်းရဲ့အပျိုစင်ဘဝကိုကိုယ့်ကိုပေးရလောက်တဲ့ထိ
အဆင်ပြေနေတာလား...။
ဦး..ဝါ။
အမ်းနဲ့ဘာမှမဖြစ်ခဲ့ကြသေးဘူးလား...ဟင်...ဟိုအလုပ်မှာရော...။
ဝါကြောက်လို့... ဟင့်..ဝါကြောက်တယ် ဝါငယ်ငယ်ကကြားဖူးတယ်လူကြီးတွေကပြောကြတာ မိန်းကလေးတယောက်ရဲ့ဘဝမှာအပျိုစင်ဘဝကအရေးကြီးတယ်တဲ့ လူကြီးတွေကအဲ့လိုပြောတယ် အဲ့တာကြောင့် အဲ့အလုပ်မှာလဲအတတ်နိုင်ဆုံးရှောင်ပြီး နေလို့အရိုက်ခံရတယ် ဟင့်အင့်...
အမ်းနဲ့ကမဖြစ်ဖူးပါဘူး ဒီတိုင်းရိုးရိုးလေးပဲတွဲနေကြတာ ။
ВЫ ЧИТАЕТЕ
အကြွေပန်း /အေႂကြပန္း(U+Z)(Complete)