Change

1.8K 147 2
                                    

Lisa Pov

Lisa အမေ Lisaအခန်းထဲကိုဝင်လာတော့ ညနေ၇နှစ်နာရီခွဲလောက်ရှိပြီ။

"Lisa! ညစာအဆင်သင့်ဖြစ်နေပြီ၊ လာတော့လေ" လို့ပြောပြီး Lisa အိပ်ယာပေါ်ထိုင်လိုက်တယ်။

Lisa ရေချိုးပြီးအိပ်ယာပေါ်ခနလှဲနေလိုက်တယ်။ Lisa သူမနားထိုင်လိုက်ပြီး သူမပုခုံးပေါ်ခေါင်းတင်လိုက်တယ်။ Lisa တွေးထားသလို သူမနေမကောင်းဖြစ်မနေတာကိုသိရတော့ တော်သေးတယ်။ ဒါက ခနနေ Bam ကိုဘာလုပ်ရမလဲ ဆိုတာ ပြန်သတိရသွားတယ်။

သူမလုပ်နေကြအတိုင်း Lisa မျက်နှာကိုအုပ်ကိုင်လိုက်တယ်။

"ဘာတွေဖြစ်နေတာလဲ ငါ့ခလေးလေး" လို့သူမပြောတော့ Lisa သက်ပြင်းချလိုက်တယ်။

"ဘာမှမဖြစ်ပါဘူး momma" လို့ပြန်ပြောတော့ သူမခေါင်းညိမ့်ပြတယ်။ သူမ Lisa နဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်နေတယ် ဆိုတာ ခံစားမိမှာကို Lisa သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ Lisa မျက်လုံးတွေကနီနေတယ်။

Lisa အိပ်ယာပေါ်လှဲရင်း Jennie ကိုခေါင်းထဲကထုတ်လို့မရဘူး။ ပြီးတော့ မျက်ရည်တွေကျလာတာကို မထိန်းချုပ်နိုင် ဘူး။ Lisa အချစ်တွေအကုန်လုံး Jennie အပေါ်ကိုအကုန်ပုံလိုက်မိတာပဲ။ သူမက ဘယ်တုန်းကမှ Lisa အပိုင်ဖြစ်မလာ နိုင်တာကို ဘာလို့အံ့သ​ြမိနေတာလဲ။ Lisa ခုထိနာကျင်နေတုန်းပဲ။

တစ်ဖက်မှာကျ Somi ရှိသေးတယ်။ သူမ Lisa ကိုချစ်တယ်ကိုပြောခဲ့ပြီး သူမအချစ်တွေကိုလဲ ပြခဲ့တယ်။ ပြီးတော့ သူမ လွယ်ထားရတာ Lisa ရင်သွေးဖြစ်နေနိုင်တယ်။ Lisa သွေးသားအရင်း။

Lisa အမေကမတ်တပ်ရပ်မယ်လုပ်တော့ Lisa သူမလက်ကိုဆွဲလိုက်တယ်။

"Mom? အမေ့ကိုပြောစရာရှိတယ်" လို့ပြောတော့ သူမခေါင်းညိမ့်ပြီး ကြည့်လိုက်တယ်။

ဒါမေယ့် တံခါးခေါက်သံကြားလိုက်ရတယ်။

"Dear! ညစာအဆင်သင့်ဖြစ်နေပြီ။ မင်းတို့နှစ်ယောက်ဆင်းလာတာစောင့်နေကြတာ။ ဟင်တွေအေးကုန်လိမ့်မယ်။" လို့ Bamအမေကပြောလိုက်တယ်။

အမေကတံခါးအပြင်ထွက်သွားပြီး မသွားခင် Lisa ကိုကြည့်လိုက်တယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now